
အချိန်ခရီးသွားဇာတ်ကားတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ။ ဒီကားလေးက ရှေးဟောင်းပစ္စည်းတစ်ခုကြောင့်နဲ့ ရှေးခေတ်ကိုပြန်ရောက်သွားတဲ့အကြောင်းလေးပါ ။ သရုပ်ဆောင်အရမ်းဖြစ်ချင်ပေမဲ့ အိပ်မက်တွေမပြည့်ဝသေးတဲ့ သာ့ဟွားသော အဖေဖြစ်သူရဲ့ လောင်းကစားကြွေးတွေကိုဆပ်ရင်းနဲ့ ကြိုးစားပမ်းစားအလုပ်လုပ်နေရတဲ့ ရှောင်နျောင် ပန်းချီအယ်ဘမ်တစ်ခုထုတ်ဝေချင်ပေမဲ့ မထုတ်ဝေနိုင်သေးတဲ့ အိုက်လင် ဒီမိန်းကလေးသုံးယောက်လုံးဟာ ရှောင်ချုံးလိုခေါ်တဲ့သူဆီကနေ လျို့ဝှက်အေ့ဂျင်လုပ်ဖို့ဖိတ်ခေါ်ခံလိုက်ရပြီး နိုင်ငံ့ရတနာကျောက်စိမ်းခေါင်းလောင်းကို သုတေသနဓာတ်ခွဲခန်းကနေ ခိုးသွားတဲ့ အစ်ကိုဟောက်နောက်ကို နောက်ယောင်ခံလိုက်ခိုင်းခဲ့ပါတယ် ။ အစ်ကိုဟောက်ပုန်းခိုနေတဲ့နေရာကိုသိပြီး လေးယောက်သား ကျောက်စိမ်းခေါင်းလောင်းကိုပြန်ယူဖို့လုပ်တဲ့အချိန် မထင်မှတ်ထားတွေဖြစ်သွားပြီး ဟိုဘက်ခေတ်ကိုရောက်သွားကြပါတော့တယ် ။ နန်းတွင်းကိုရောက်သွားတဲ့ အိုက်လင်နဲ့ရှောင်နျောင်တို့လည်း အသက်အဖြတ်များတဲ့ နန်းတွင်းကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ ? သူတို့ထက်ပိုကံဆိုးပြီး ဆောင်ကြာမြိုင်ရောက်သွားတဲ့ သာ့ဟွားသောရော ဘယ်လိုနည်းနဲ့ ဒီဘက်ခေတ်ကိုပြန်ရောက်လာအောင်လုပ်မလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရမှာဖြစ်လို့ အဆုံးထိစောင့်ကြည့်ပေးကြပါအုံးနော် ။