
ဒီရုပ်ရှင်ကတော့ 1978 တုန်းကထွက်ရှိခဲ့တဲ့ Classic လူသတ် horror / mystery ရုပ်ရှင်ဖြစ်တဲ့ Toolbox Murders ကို remake ပြန်ရိုက်ကူးထားတဲ့ရုပ်ရှင်ပါ။ ဒီရုပ်ရှင်က ကောင်းတယ်လည်းပြောရခက် ဆိုးတယ်လည်းပြောရခက်ပါတယ်။ ဇာတ်လမ်းကတော့ ဂျက်လက်စ်မန်းလို့အမည်ရတဲ့ ဟောလီးဝုဒ်ဆယ်လီတစ်ယောက်တည်ဆောက်ခဲ့တဲ့ သမိုင်း၀င်အဆောက်အအုံကြီးမှာဇာတ်အိမ်တည်ထားပါတယ်။ လက်စ်မန်းမရှိတော့တဲ့နောက်မှာ ဒီတိုက်ကြီးကို အငှားချထားလိုက်ပြီး ဒုတိယကမ္ဘာစစ်အပြီးကတည်းကတည်ဆောက်ထားခဲ့တဲ့ဒီတိုက်ကြီးဟာ ပျက်စီးယိုယွင်းနေပြီဖြစ်တာကြောင့် ကန်ထရိုက်တာတွေက ပြုပြင်မွမ်းမံမှုတွေလုပ်နေကြပါတယ်။ ကံဆိုးချင်တော့ ဒီလိုပြုပြင်မွမ်းမံမှုတွေစလုပ်လိုက်တဲ့အချိန်မှာပဲ တိုက်ကြီးမှာ လူသေဆုံးမှုတွေတစ်ခုပြီးတစ်ခုဖြစ်လာတာပါ။ ကံဆိုးဖို့အကြောင်းဖန်လာတဲ့ စတီဗင်နဲ့ ဘာရိုလို့အမည်ရတဲ့လင်မယားနှစ်ယောက်ဟာ ဒီအချိန်မှာပဲ ဒီတိုက်ကြီးထဲကအခန်းတစ်ခန်းဆီပြောင်းလာခဲ့ကြပါတယ်။ ဘာရိုဟာ အိမ်နီးချင်းတွေ တစ်ဦးပြီးတစ်ဦး ပျောက်ချင်းမလှပျောက်လာတာ၊ ညဘက်တွေဆိုရင် ဘေးအခန်းတွေကနေ စူးစူးဝါးဝါးအော်ဟစ်သံတွေကိုကြားရတာ စသဖြင့် ဒီတိုက်ကြီးရဲ့ သဘာ၀လွန်လက္ခဏာတွေကို သတိထားမိလာတဲ့အခါ ဒီတိုက်ကြီးရဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေကို စပ်စုမိလိုက်တဲ့နောက်မှာတော့ ကြမ္မာဆိုးဟာ သူမနောက်ကိုပါလိုက်လာပါတော့တယ်။ ဒီလိုနဲ့ ဘာရိုနဲ့ စတီဗင်ဟာ ဒီတိုက်ကြီးထဲကလူသတ်မှုတွေရဲ့နောက်ကွယ်က တရားခံကိုဖော်ထုတ်နိုင်လိုက်ပြီး ဒီတိုက်ကြီးကနေ လွတ်မြောက်သွားကြမလား ဒါမှမဟုတ် သူတို့လင်မယားနှစ်ဦးလည်း လျှို့ဝှက်ဆန်းကြယ်တိုက်ကြီးရဲ့ သားကောင် ကံဆိုးသူတွေထဲမှာ အပါအ၀င်ဖြစ်သွားမလားဆိုတာကတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.8 GB)/(909 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre… Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 720p | 909 MB | Download | |
| 720p | 909 MB | Download | |
| 720p | 909 MB | Download | |
| 720p | 909 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director