
ဒီဇာတ်ကားလေးကို ပြီးခဲ့တဲ့ ၁၇ ရက်က Netflix ကထွက်ခဲ့တာပါ ။ ၂၀၁၄ ခုနှစ်ကထွက်ခဲ့ပြီးရောင်းအားအကောင်းစာအုပ်ဖြစ်တဲ့ Jenny Han ရဲ့ ဝတ္ထုကို ရိုက်ကူးထားတာပါ ။ သရုပ်ဆောင်တွေက Lana Condor ၊ Noah Centineo ၊ Israel Broussard တို့ပါဝင်ထားပြီး ဒါရိုက်တာ Susan Johnson ကရိုက်ကူးထားပါ ။ ဇာတ်လမ်းအကျဉ်း ---------------- Lara Jean ဆိုတဲ့ ကောင်မလေးဟာ " The Forbidden Kiss " ဆိုတဲ့စာအုပ်ကို ဖတ်ပြီး စိတ်ကူးယဉ်တက်လေ့ရှိပါတယ် ။ တကယ်တော့သူမဟာ စိတ်ကူးသာယဉ်ခဲ့ပေမဲ့ လက်တွေ့အကောင်အထည်ဖော်ဖို့ အဆင်သင့်ဖြစ်မနေသေးပါဘူး ။ ဒါပေမဲ့ သူမရဲ့ လျှို့ဝှက်ချက်ကတော့ သူမ crush ခဲ့ရတဲ့ ကောင်လေးတွေဆီကို စာရေးပြီး တခါမှမပို့ဘဲ သိမ်ထားကာ တခါတရံ ထုတ်ဖတ်တက်တာပါ ။ သူမ ပြောတာက " ကျွန်မ တစ်စုံတစ်ယောက်ကို အရမ်း crush တဲ့ အခါ စာတစ်စောင်ချရေးပစ်လိုက်တာပဲ ၊ အဲဒါအပြင် ဘာလုပ်ရမှန်းလည်း ကျွန်မမသိဘူးလေ " တဲ့ ။ သူမ ပြောတာလည်း ဟုတ်နေပြန်တယ် ။ သူမ crush ရတဲ့ အရွယ်တုန်းကလည်း အရမ်း crush ရုံကလွဲရင် ဘာလုပ်တက်မှာလဲ ။ သူမရဲ့ အစ်မဖြစ်သူ Margot စကော့တလန်ကို တက္ကသိုလ်တက်ဖို့ ထွက်သွားတဲ့အခါ ညဘက်တွေဆို သူမရဲ့ ၁၁ နှစ်အရွယ် ညီမ ဖြစ်သူ နဲ့ " Golden Girls " marathon ကြည့်ပြီး အချိန်ဖြုံးခဲ့ရတယ် ။ တစ်ညမှာ သူမ စောစောအိပ်ပျော်သွားပြီးတဲ့နောက် သူမမထင်ထားတဲ့ကိစ္စတစ်ခု ဖြစ်သွားခဲ့တယ် ။ သူမရေးထားတဲ့စာတွေဟာ သူမ crush ခဲ့ရတဲ့ ကောင်လေး ၅ ရောက်စီ ရောက်ရှိသွားခဲ့တာကို နောက်တနေ့မှာ သူမသိရှိသွားခဲ့တဲ့အခါမှာတော့ ..... လောလောဆယ်မှာ ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေလည်းရရှိထားပါတယ် ။ Crazy Rich Asians မကြည့်ရသေးသူတွေအတွက် Crazy Rich Asians မတိုင်ခင် ကြည့်ရှုဖို့ ထိုက်တန်တဲ့ ဇာတ်ကားလေးပါ ။ ဒီဇာတ်ကားလေးဟာ အတော်ကို ကြည့်လို့ကောင်းတဲ့ ဆယ်ကျော်သက်အချစ်ကားလေး ဖြစ်တယ်ဆိုတာ ပထမဦးစွာ ပြောကြားချင်ပါတယ် ။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ ဖြစ်သူ Susan Johnson ရဲ့ လက်ရာကို အရင်က ကျွန်တော်မကြည့်ခဲ့ဖူးဘူး ။ ဒါပေမဲ့ ဒီဇာတ်ကားအတွက် သူမကို ပထမဆုံး ချီးကျူးချင်တယ် ။ Cast တွေကို သိပ်မရင်းနှီးပေမဲ့ ဒီဇာတ်ကားနဲ့ လိုက်ဖက်နေတာကိုလည်း ချီးကျူးချင်ပါတယ် ။ ခုမှထွက်စ ဇာတ်ကားဖြစ်တဲ့အတွက် spoiler ထည့်မရေးတော့ဘဲ ဆယ်ကျော်သက်အချစ်ကားကို ကြည့်ရှူ့ချင်သူတွေအတွက် အချိန်ပေးရကျိုးနပ်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ကြောင်း လက်တို့လိုက်ပါရစေ ..... Imdb - 7.8 Rotten Tomatoes - 93 % #HH #MSR (ဇာတ်လမ်းအညွှန်းကိုတော့ Movie Short Review Facebook စာမျက်နှာမှကူးယူဖော်ပြပါသည်) (Aye Mon Kyaw ဘာသာပြန်တင်ဆက်ပေးထားပါတယ်) File Size : (750 MB) and (300 MB) Quality : NF WEB-DL 720p Running Time : 1hr 39min Format : Mp4 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 720p.NF.WEBRip.DDP5.1.x264-NTG Translated by Aye Mon Kyaw Encoded by Thanhtike Zaw
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |