
IMDb Rating - 6.4/10 ဟောင်ကောင်ကား ကောင်းကောင်းကြည့်ချင်တဲ့လူတွေအတွက် Ricky Koဆိုတဲ့ ဟောင်ကောင် ဒါရိုက်တာအသစ်ရဲ့ Debutရုပ်ရှင်ပါ။ သရုပ်ဆောင်တွေကတော့ Patrick Tse Yinနဲ့ Fung Bo-Boလို 1960ဟောင်ကောင်ရဲ့ နာမည်ကျော်ဖြစ်ခဲ့တဲ့ သရုပ်ဆောင်တွေက သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ အက်ရှင်လည်းဟုတ်သလို တော်တော်လည်းရယ်ရတယ် ဒရာမာလည်း အသေချိုးတယ်။ ဒါရိုက်တာရဲ့ Debutအနေနဲ့ဆိုကောင်းတဲ့ အနေအထားရှိပါတယ်။ အရင်ဟောင်ကောင် ရုပ်ရှင်တွေရဲ့ အငွေ့အသက်ကိုပြန်ရတယ်။ လက်ရှိဟောင်ကောင်ရုပ်ရှင်အများစုနဲ့ ယှဉ်ရင်တော့ ရွှေပါပဲ။ဘာမှမဆိုင်အောင်ကို ကောင်းတယ်။ ဇာတ်အိမ်ပေါ့ပေါ့ပါးပါးနဲ့ တော်တော် ကြည့်ပျော်တဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်ကြောင်းကတော့ ကြေးစားလူသတ်သမား လူမိုက်၃ယောက်ရှိတယ်။ ငယ်စဉ်ကတော့ တော်တော် နာမည်ကြီးပြီး သူတို့ကို နိုင်တဲ့လူမရှိဘူး။ Timeဆိုတဲ့အတိုင်း ကာလတွေရွေလျောပြီး အိုမင်းလာကြတော့ ကိုယ်ပိုင်ဒုက္ခတွေ တစ်ပုံတပင်နေရတာကို ဟာသလေးနှောပြသွားတယ်။ နောက်တော့ ဘ၀မှာ လွတ်လွတ်လပ်လပ်ရှင်သန်ဖို့ ကိုယ့်အတွက်ကိုယ်ရှင်သန်ဖို့ ဘာညာပေါ့။ ဝါရင့် သရုပ်ဆောင်တွေချည်းမို့ သရုပ်ဆောင်လည်း ကောင်းကြသလို စီနီမာတိုကလည်း မဆိုးဘူးပြောလို့ရတဲ့ အနေအထားပါပဲ။ စိတ်ပြေလက်ပျောက် ပေါ့ပေါ့ပါးပါးနဲ့ ရယ်လည်းရယ်ရ ကောင်းလည်းကောင်းတဲ့ ဟောင်ကောင်ကား ကြည့်ချင်ရင်တော့ ရွေးဖို့အကောင်းဆုံးရုပ်ရှင်ပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(1.73GB) / (850MB) Quality__1080p, 720p IMDb Rating__6.4/10 Format__mp4 Duration__01:39:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.7 GB | Download | |
| 720p | 850 MB | Download | |
| 1080p | 1.7 GB | Download | |
| 720p | 850 MB | Download |