
Tiger Zinda Hai (2017) (သို့) ” တိုက်ဂါးရှိနေသေးတယ် ” ၂၀၁၂ တုန်းက Ek Tha Tiger ဆိုတဲ့ အက်ရှင်သူလျှိုကားအပြီး ဒုတိယမြောက် Tiger ရုပ်ရှင်အဖြစ် ထွက်ရှိလာတာဖြစ်ပြီး စူပါစပိုင်နှစ်ယောက်ဖြစ်တဲ့ တိုက်ဂါးနဲ့ဇိုရာအဖြစ် မင်းသားကြီးဆယ်လ်မန်ခန်းနဲ့ မင်းသမီးချော ကတ်ထရီနာကေ့ဖ်တို့ကို အလန်းစားသူလျှိုတွေအဖြစ် ဆက်လက်ရှုစားရမှာပါ။ ဖြစ်ရပ်မှန်အကြောင်းအရာဖြစ်တဲ့ ၂၀၁၄ တုန်းက အိုင်အက်စ်အဖွဲ့က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ သူနာပြု ၄၆ ယောက်ကို ကယ်ဆယ်တဲ့အကြောင်း အဓိက ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ ပထမဇာတ်လမ်းရဲ့ အဆက်အနေနဲ့ RAW အေးဂျင့်တိုက်ဂါးနဲ့ သူ့ချစ်သူ ISI အေးဂျင့်ဇိုရာတို့ဟာ လက်ထပ်ခဲ့ကြပြီး သားလေးနဲ့အတူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ကြပါတယ်။ ဒီလိုနဲ့ ရှစ်နှစ်လောက်ကြာခဲ့အပြီးမှာ တော့ အချစ်ကိုဦးစားပေးပြီး မိသားစုအရေးပဲ အာရုံစိုက်ခဲ့ကြတဲ့ တိုက်ဂါးတို့စုံတွဲအတွက် မစ်ရှင်တစ်ခုပေါ်လာခဲ့ပါတယ်။ တိုက်ဂါးရဲ့ အလုပ်ရှင်ဟောင်းဖြစ်တဲ့ ရှီနွိုင်က အီရတ် မှာ အကြမ်းဖက်သမားတွေရဲ့ ပြန်ပေးဆွဲခြင်းခံရတဲ့ အိန္ဒိယသူနာပြု ၂၅ ယောက်ကို ပြန်ကယ်စေချင်ခဲ့ပါတယ်။ အကြမ်းဖက်သမားတွေလက်ထဲမှာ အိန္ဒိယသူနာပြုတွေအပြင် ပါကစ္စတန်သူနာပြု ၁၅ ယောက်လည်း ပါနေသေးတဲ့အတွက် အိန္ဒိယသူလျှိုတိုက်ဂါးနဲ့ ပါကစ္စတန်သူလျှိုဇိုရာတို့စုံတွဲစစ်ဆင်ရေးကို အတူလှုပ်ရှားခဲ့ကြပါတယ်။ အတိုက်အခိုက်၊ အပစ်အခတ်တွေနဲ့မို့ အက်ရှင်ဇာတ်ကြမ်း ကြိုက်ပရိသတ်အကြိုက်တွေ့ မယ့် ဇာတ်ကွက်တွေ အများကြီးပါသလို ဂီတ၊ အကနဲ့ ဒရာမာ တွေလည်း ပါတာမို့ ရသစုံပေး စွမ်းတဲ့ ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ အကြမ်းဖက်သမားတွေရဲ့ နယ်မြေထဲကို တိုက်ဂါးတို့စုံတွဲ ဘယ်လိုအစီအမံတွေနဲ့ ဝင်ကြမှာလဲ။ ဓားစာခံသူနာပြုတွေကို ဘယ်လိုကယ်တင်ကြမှာလဲဆိုတာ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါတယ်။ ဒီဇာတ်ကားမှာ ဝါရင့်သရုပ်ဆောင်မင်းသား ဆယ်လ်မန်ခန်း နဲ့ မင်းသမီး ကက်ထရီနာကိတ်ဖ် တို့ကပဲ အဓိကဇာတ်ကောင်အ ဖြစ် သရုပ်ဆောင်ထားကာ ဆာဂျက်ဒယ်ဖရူဇ်၊ ဆူဒိ၊ အန်ဂက် ဘီဒီ၊ ကူမွတ်မစ်ရှ်ရာ စတဲ့သူတွေအားဖြည့်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကို 7daily Website မှကူးယူဖော်ပြပါသည်။)