
ဒီဇာတ်ကားလေးကလည်း အက်ရှင်ဇာတ်ကားကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ ဟာသအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ပန်းချီဆရာလင်းရှောင်းရဲ့ပန်းချီတွေကို လေလံတင်ရောင်းချရာကနေစပါတယ် ။ ပန်းချီဆရာလင်းရှောင်းဟာနာမည်ကြီးပန်းချီဆရာမဟုတ်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သူ့ပန်းချီတွေဟာ လေလံတင်တိုင်း ဒေါ်လာသန်းချီပြီးဝင်ပါတယ် ။ အဲဒါကြောင့် သူ့ရဲ့အေးဂျင့်က ဒီလိုနာမည်မကြီးတာတောင် ဒီလောက်ထိငွေဝင်နေရင် တကယ်သာနာမည်ကြီးသွားရင် ပိုပြီးဝင်ငွေရမှာမလို့ ပြန်ပေးဆွဲခံရတဲ့ ဇာတ်လမ်းတုလုပ်မယ်ဆိုပြီး လင်းရှောင်းကိုအကြံပေးခဲ့ပါတယ် ။ အဲဒီအကြံကို လင်းရှောင်းကလက်မခံခဲ့ပေမဲ့ သူအပြင်မှာအလည်ထွက်နေတုန်း သူ့ကိုတကယ်လူဆိုးအစစ်တွေက ပြန်ပေးဆွဲသွားချိန်မှာတော့.. လင်းရှောင်းတစ်ယောက် လူဆိုးတွေလက်က ဘယ်လိုလွတ်အောင်ပြေးမလဲ ? လူဆိုးတွေကရော တကယ့်လူဆိုးတွေဖြစ်မလား ? သူ့ဘေးနားမှာရှိနေတဲ့သူတွေကမှ သူ့ကိုအသုံးချနေတဲ့လူဆိုးတွေဖြစ်လားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဟာသအက်ရှင်ဇာတ်ကားကောင်းလေးဖြစ်တာမို့ အပြီးတိုင် စောင့်ကြည့်ကြဖို့မမေ့ပါနဲ့နော် ။