
Thumbelina (1994) IMDb Rating (6.2) ဒီကားလေးကတော့ ကလေးဘ၀က ကာတွန်းကားကောင်းလေးတွေထဲက တစ်ကားပါ။ နတ်သူငယ်လေးတွေ တိရစ္ဆာန်လေးတွေနဲ့ လူသေးသေးလေးတွေကို အရမ်းသဘောကျတဲ့သူတွေအတွက်ဆို ကွက်တိပါပဲ။ ပေါ့ပေါ့ပါးပါးလေးကြည့်ချင်တယ်ဆို ကြည့်မိလို့ နောင်တရမယ့်ကားမျိုးမဟုတ်ပါဘူး။အချိန်ပေးရတန်ပါတယ်နော်။ ဇာတ်လမ်းလေးက တမ်ဘလီနာဆိုတဲ့ ပန်းပွင့်လေးထဲက မွေးဖွားလာတဲ့ လက်မဆိုဒ်လောက်ပဲရှိတဲ့ ကောင်မလေးသေးသေးလေးပေါ့။ သူက သူ့လိုလူသေးသေးလေးတွေနဲ့မတွေ့မှာကို အရမ်းကြောက်ရှာတယ်။ တစ်နေ့ကျ နတ်သူငယ်မင်းသားလေးကိုနီးလီးယပ်စ်က လှည့်လည်နေရင်း တမ်ဘလီနာသီချင်းဆိုနေတာလေးကိုတွေ့သွားတော့ သူတို့နှစ်ယောက်အချင်းချင်းနှစ်သက်မိသွားကြတယ်။ မင်းသားလေးက မိဘနှစ်ပါးကိုပြောပြီး မနက်ကျ ပြန်လာပါ့မယ်ဆိုတဲ့ စကားလေးကို တွေးရင်း အိပ်ပျော်နေတဲ့ တမ်ဘလီနာကို ဖားမတစ်ကောင်က ခိုးသွားတဲ့အခါမှတော့ သေးသေးလေးဖြစ်နေတဲ့ တမ်ဘလီနာတစ်ယောက် ဘယ်လိုအခက်အခဲတွေကို တွေ့ရမလဲ အိမ်ကိုကော ပြန်ရောက်နိုင်မှာလား သူချစ်ရတဲ့ နတ်သူငယ်မင်းသားလေးနဲ့ကော ပြန်ဆုံနိုင်မှာလားဆိုတာ ကြည့်ကြည့်လိုက်ကျနော်။ စကားမစပ် နတ်သူငယ်မင်းသားလေးက အရမ်းချစ်ဖို့ကောင်းတယ်နော်။ကလေးဘ၀ရဲ့ စိတ်ကူးယဥ်မင်းသားလေးတွေထဲက တစ်ယောက်ပါပဲနော်။ ဒီကားလေးကို အရမ်းကြိုက်လွန်းလို့ နာမည်သိဖို့တောင် မနည်းရှာထားရတာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ PhuThet Khin ဖြစ်ပါတယ်။) File size…(2.2 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure, Animation, Family, Fantasy, Musical Duration….01:27:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by PhuThet Khin
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download | ||
| 720p | Download | ||
| 720p | Download | ||
| 720p | Download | ||
| 720p | Download |