
လက်သည်မပေါ်တဲ့ လူသတ်မှု တွေက ကမ္ဘာအနှံ့မှာ ရှိနေရစ်ပြီးသားပဲ။လူပြတ်တဲ့လမ်းမတစ်နေရာမှာ ဒဏ်ရာဗလပွနဲ့ သေဆုံးနေတာတို့။ရေအိုင်ကလေးထဲက ပေါလောပေါ်လာမှ သေဆုံးမှန်းသိနေတာတို့။အချို့နေရာမှာတော့ နေရာကာလကို အခွင့်ကောင်းယူပြီး အမျိုးသမီးတွေကို မုဒိန်းကျင့်သတ်ဖြတ်တာမျို းတွေပေါ့။ ဗီဇအမျို းမျို းနဲ့ ဖြစ်တည်လာကြတဲ့ လူအဖွဲ့အစည်းအရ ဒီလို ဖြစ်ပျက်မှု တွေဟာ နေရာအနှံ့အပြားမှာ ရှိနေဦးမှာပဲ။ထိုအခါမှာ ကျန်ရစ်သူတွေက ဒေါသတွေဖြစ်နာကျင်ခဲ့ရ ။သတ်ဖြတ်သူအပေါ်ကို ဒေါသတရားတွေနဲ့ အမျက်သိုပြီး နာကျင်ကျန်ရစ်ခဲ့ရတယ်။တကယ်ပဲ သတ်ဖြတ်သူကို ဖမ်းမိသွားပြန်ရင်ရော မိမိတို့ကာယကံရှင်တွေအနေနဲ့ ကျေနပ်နိုင်မှာ သေချာပါရဲ့လား။ဒီအချက်တွေဟာ လူအဖွဲ့အစည်းထဲမှာ နေထိုင်ကြသူတွေအတွက် မဖြစ်ခဲ့ရင်တော့ အကောင်းသားပေါ့။ဖြစ်များဖြစ်ခဲ့ရင်တော့ ရှောင်လွှဲလို့မရတဲ့ ဘေးထွက်ဆိုးကျို းတွေပဲ။လူအဖွဲ့အစည်းထဲက ယိုပေါက်နေတဲ့ ကင်ဆာဆဲလ်တွေဖြစ်တယ်။အနည်းဆုံးဖြစ်အောင် အားလုံးက ပူးပေါင်းဆောင်ရွက်မှသာလျှင် ဖြစ်ပျက်မှု တွေ လျော့ပါးသွားမည်ဟု ယူဆမိပါတယ်။ ယခုရုပ်ရှင်ဟာလည်း အထက်ကပြောပြခဲ့တဲ့ လူအဖွဲ့အစည်းယိုပေါက်မှုကပေးတဲ့ ဘေးထွက်ဆိုးကျို းတွေကို ရှောင်လွှဲခွင့် မရနိုင်ခဲ့တဲ့ မိသားစုတစ်ခုနဲ့သက်ဆိုင်ရာ အဖွဲ့အစည်းထဲက လူအချို့တွေရဲ့ ပဋိပက္ခကို ရိုက်ပြတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားသာ ဖြစ်ပါတယ်။ပြောရရင် တကယ့်ရုပ်ရှင်ထဲက စုံထောက်ကျော်တွေ ။ထူးချွန်ထက်မြက်တဲ့ ဇာတ်ကောင်တွေမပါတဲ့ လူတွေရဲ့ နာကျင်ရတဲ့ သောကဆိုးတွေအပေါ် သရော်တော်တော်အမြင်ကို သဘာဝကျကျ တင်ပြထားခြင်းလို့သာ မြင်မိပါတယ်။ Ebbingမြို့ကလေးဘေးက လစ်လပ်နေတဲ့ ဆိုင်းဘုတ်သုံးခုကို မိန်းမကြီးတစ်ယောက်က ငှားရမ်းပြီး စာတမ်းသုံးခုကို ရေးချိတ်ခဲ့တယ်။စာကြောင်းသုံးကြောင်းက ဘာမှတော့မဟုတ်ပါဘူး။လွန်ခဲ့တဲ့ ခုနှစ်လလောက်က မုဒိန်းကျင့်ပြီးသတ်ဖြတ်ခံရတဲ့ သမီးငယ်လေးရဲ့အမှု ကို ပေါ်ပေါက်အောင် ဖော်ထုတ်မပေးနိုင်တဲ့ ရဲအဖွဲ့တွေအပေါ် မေးခွန်းထုတ်လိုက်တဲ့ စကားတွေသာ ဖြစ်ပါတယ်။ဒါပေမယ့် ဒီစကားသုံးခုဟာ တိတ်ဆိတ်နေတဲ့မြို့ကလေးထဲကလူတွေဆီကို ဆူညံစွာနဲ့ ခေါင်းလောင်းတီးနိုင်ခဲ့တယ်။ "Raped while dying " ။"And still No arrests? "How Come, Chief Willoughby?" ဆိုတဲ့ စကားသုံးခုဟာ ထိတ်လန့်ချောက်ခြားဖွယ်ရာ အဖြစ်သနစ်နဲ့ အသုံးမကျတဲ့ဥပဒေအဖွဲ့အစည်းကို လက်ညှို းငေါက်ငေါက်ထိုး၍ မေးလိုက်သလို ပေါ်လွင်လွန်းလှတယ်။ကိုယ်ပတ်ဝန်းကျင်မှာသာ ဖြစ်ပွားတာမဟုတ်ခဲ့ရင် တုံဏှိဘာဝေသာ ရှိလှတဲ့ လူအများစုအနေနဲ့ ဒီဆိုင်းဘုတ်က စာတွေကို ဖတ်မိလိုက်တိုင်း တစ်စုံတစ်ရာအတွက် စိတ်ခံစားအချို့ကို သက်ရောက်ကူးစက်သွားမှာအမှန်ပေါ့။ သူမမေးခွန်းထုတ်တဲ့ ရဲအရာရှိဆိုသူက ဒီမြို့ငယ်ကလေးထဲက ရဲဌာနကို ဦးစီးရတဲ့ သူကို ဆိုလိုတာပါ။သူမရဲ့ခံစားနေရတဲ့ သောကတွေကို တကယ်ပဲ သက်ဆိုင်ရာ ဥပဒေဌာနတွေက ကူညီဖြေရှင်းမပေးနိုင်တော့တာ သေချာလို့လား။ယင်းသို့မဟုတ်ရင်လည်း ဒီရဲဌာနက လူတွေကပဲ ဖြေရှင်းလိုစိတ် မရှိကြတာလား။ လူပျို ပေါက်သားတစ်ယောက်နဲ့ လက်လွတ်ဆုံးရှုံ းလိုက်ရပြီဖြစ်တဲ့ ဆယ်ကျော်သက်သမီးငယ်ကို ပိုင်ဆိုင်ထားတဲ့ မိခင်ကြီးမှာတော့ ခုလိုကာလမျို းမှာ ဘယ်သူကိုမှ အမြင်မကြည်မလင် ဖြစ်နေမှာ သေချာပါတယ်။အဓိကကတော့ ဘာမှအသုံးမကျဘူးလို့ သတ်မှတ်ထားတဲ့ ရဲစခန်းအစုတ်ပလုတ်ကိုပေါ့။ ဒီလိုနဲ့ မြို့ငယ်လေးဟာ ကျန်ရစ်ခဲ့ရသူတွေရဲ့သောကတွေနဲ့ တစ်ဖြည်းဖြည်းပြည့်အင့်ခြောက်ကပ်လာတယ်။ဆိုင်းဘုတ်ကြီးသုံးခုကတော့ လမ်းမပေါ်ကနေ ဖြတ်သန်းသွားသမျှလူတွေကို ရေရွတ်ပြောဆိုနေတယ်။ကင်ဆာဝေဒနာခံစားနေရတဲ့ သူမမေးခွန်းထားတဲ့ အဓိက ရဲအရာရှိ Willoughby မှာလည်း အမှု အပေါ်ကို တတ်အားသမျှဆောင်ရွက်ခဲ့တာရှိပေမယ့် ရေပေါ်အရုပ်ခြစ်သလို အရာထင်ပုံ မပေါ်ပါဘူး။သူ့ရဲ့အရောင်မှိန်စပြု နေတဲ့ ဘဝပန်းချီကားဟာ ဖြေးညင်းစွာ လောင်မြို က်စပြု နေပြီဆိုတာလည်း သိပါတယ်။သူ့နောက်လိုက် ရဲသား Dixonကတော့ ထုံးစံအတိုင်း ဂမူးကရူးနဲ့ သူတို့ကို ခုလို လုပ်ရပါ့မလားဆိုပြီး ဒေါကန်နေတယ်။ဆိုရရင် ဒီအဖြစ်အပျက်ရဲ့ဝဲဂယက်မှာ သူတို့တွေလည်း ရုန်းမထွက်နိုင်ရှာဘူး။လူသတ်သမားကတော့ နှင်းခါးမိုး ကဗျာစာသားထဲကလို ဒီအချိန်ဆို ညစာ စားနေလောက်ပြီ။ဝိုင်ကလေးသောက်လိုက် စပျစ်သီးလေးမြုံ့လိုက်နဲ့လေ။ မိခင်ကြီးရဲ့ မျက်ဝန်းတွေကတော့ သောကဖြစ်လာတဲ့ ဒေါသစေ့ဆော်မှု ကြောင့် ဝန်းပနေသလို နှုတ်ခမ်းတွေကလည်း ရေခဲနေတဲ့ ရုပ်ကြွင်းတစ်ခုလို အချိန်မရွေးတင်းမာနေလေတယ်။ပြောသမျှစကားတွေကလည်း ဘယ်တော့မှ ကောင်းကောင်းမွန်မွန် ထွက်မလာဘူး။ ဒီလိုနဲ့ တစ်ရက်မှာတော့ ဆိုင်းဘုတ်ကြီးသုံးခုဟာ မီးရှို့ခံလိုက်ရတော့တယ်။ ______________________________ ယခု ရုပ်ရှင်ဟာ အကြိမ်ကိုးဆယ်မြောက် အော်စကာဆုနှင်းဘင်မှာ ဆန်ကာတင်ခုနှစ်ဆုနဲ့ လျာထားခံရပါတယ်။ကျွန်တော့်အနေနဲ့တော့ ဒါရိုက်တာကြီး Martin McDonagh ကို ဇာတ်ညွှန်းဆုအနေနဲ့ဖြစ်စေ ပြီးတော့ သမီးငယ်အတွက် သောကတွေနဲ့ အသက်ဆက်နေရတဲ့ မိခင်ကြီးနေရာက သရုပ်ဆောင်ခဲ့တဲ့ Frances McDormand ကိုဖြစ်စေ ဇာတ်ပို့သရုပ်ဆောင်ကြီး Sam Rockwell ကိုဖြစ်စေ ထူးချွန်ဆုတွေ ရစေချင်တာအမှန်ပါပဲ။(အခြားရုပ်ရှင်ဆုနှင်းသဘင်မှာတော့ အောင်ပွဲခံထားတာတွေ့ရ)ဒါရိုက်တာ Martin McDonagh ဆိုတာ ဟောလိဝုဒ်က သရုပ်ဆောင်အင်မတန်ကောင်းပြီး နာမည်မရကြတဲ့ သရုပ်ဆောင်တွေကို စုစည်းရိုက်တတ်တဲ့ ဒါရိုက်တာကောင်းတစ်ယောက်ဆိုတာ သူ့ရဲ့Seven Psychopaths Movie နဲ့ In Bruges တို့မှာ သိရှိပြီးသား ဖြစ်ခဲ့သလို ယခုရုပ်ရှင်မှာလည်း Seven Psychopaths က သရုပ်ဆောင်အများစုကိုပဲ ပြန်လည်သုံးစွဲထားတာတွေ့ရပေမယ့် ယခုရုပ်ရှင်ဟာ အရင်ရုပ်ရှင်တွေထက် ဖျော်ဖြေရေးလမ်းကြောင်းကနေ သိသိသာသာ ပို၍ ကွဲထွက်လာကာ သရုပ်ဆောင်တွေဆီကနေ စိတ်ခံစားမှု ရှု ပ်ထွေးပုံတွေအား လေးလေးနက်နက်ပင် ခံစားခဲ့ရတာမို့ ယခုနှစ်အော်စကာဆုအတွက်တော့ (အခြားကားတွေမကြည့်ရသေးသော်လည်း)သူဇာတ်ကားကိုပင် လက်မထောင်လိုက်မိပါကြောင်း။ (ဇာတ်လမ်းအညွှန်းကို ကိုညီလင်းအိမ်၏ Facebook Account ( Nyi Linn Eain ) မှကူးယူဖော်ပြပါသည်။) File Size : (957 MB) Quality : Blu-Ray 720p Running Time : 1hr 55min Format : Mp4 Genre :Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-SPARKS Translated by Thura Zarni Aung Encoded by Thanhtike Zaw
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |