
CMကနေ ယခုတစ်ခေါက် တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ သမိုင်းဖြစ်ရပ်ကိုနောက်ခံထားပြီးရိုက်ကူးထားတဲ့ ရှေးခတ်စစ်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင်တော့ အေဒီ၇၄ခုနှစ်ဝန်းကျင်က ဟန့်မင်းဆက်ကို ပြန်လည်ထူထောင်ပြီးကာလအတွင်း အနောက်ဘက်မြို့လေးဖြစ်တဲ့ စူးလဲမြို့လေးကို တပ်အင်အားကြီးမားတဲ့ မော့ပေစစ်တပ်က ဝိုင်းထားခဲ့တာ လအတော်ချီနေခဲ့ပါပြီ တပ်အင်အားနှစ်သောင်းကျော်ရှိတဲ့ မော့ပေတပ်ကြီးက တပ်အင်အား၃၀၀ပဲရှိတဲ့ ဟန့်ပြည်ရဲ့တပ်လေးကို အနိုင်မတိုက်နိုင်ရတဲ့အကြောင်းအရင်းကတော့ လက်ရုံးရည်ရော နှလုံးရည်ရောပြည့်စုံတဲ့ စစ်သူကြီး ကန်ကုန်းကြောင့်ပါပဲ ဟန့်မင်းဆက်ရဲ့ နန်းတွင်းမှာလည်း တိုင်းပြည်ရေးရာတွေ ရှုပ်ထွေးနေချိန်နဲ့ သွားတိုက်တဲ့အချိန်မှာတော့ လော့ယန်မြို့ကနေ တပ်ကူလွှတ်ဖို့အချိန်ကြန့်ကြာနေခဲ့ပါတယ် ဒီလိုနဲ့ တိုက်ပွဲတိုင်း ရှုံးပွဲမရှိတဲ့ မော့ပေတပ်ကြီးနဲ့ ဗျူဟာကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ ကန်ကုန်းရဲ့ တဖြေးဖြေးနဲ့ လူအင်အားလျော့နည်းလာတဲ့ ဟန့်ပြည်တပ်လေး လာတိုက်လိုက် တပ်ဆုတ်လိုက်နဲ့နေရင်း အချိန်တစ်နှစ်ပြည့်လုနီးပါးဖြစ်လာတဲ့အချိန်မှာတော့ မော့ပေတပ်ကြီးက နောက်ဆုံးအနေနဲ့ စစ်ပွဲကို အပြီးသတ်ဖို့ စစ်ချီလာခဲ့ချိန်မှာတော့ တပ်သား၁၃ ယောက်နဲ့ စူးလဲမြို့ကို မော့ပေတပ်ရန်ကနေခုခံကာကွယ်နေတဲ့ ကန်ကုန်းတို့ လက်နက်ချလိုက်ရပါတော့တယ် ကံကောင်းစွာနဲ့ပဲ လော့ယန်က တပ်ကူတွေရောက်ရှိလာချိန်မှာတော့ ဟန့်ပြည်ရဲ့မြေပေါ်ကနေ ရန်သူတွေကို မောင်းထုတ်နိုင်ခဲ့ပါတော့တယ် သမိုင်းဖြစ်ရပ်မှန်ကို နောက်ခံရိုက်ကူးထားတဲ့ကားလေးဖြစ်တာမို့လို့ စစ်ကားကြိုက်နှစ်သက်သူတွေနဲ့ သမိုင်းနောက်ခံကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအဖို့ ကြည့်ရှုဖို့ ညွှန်းပေးချင်ပါတယ်နော်
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.03 GB | Download | |
| 1080p | 1.03 GB | Download | |
| 1080p | 1.03 GB | Download | |
| 1080p | 1.03 GB | Download | |
| 1080p | 1.03 GB | Download | |
| 720p | 635.7 MB | Download | |
| 720p | 635.7 MB | Download | |
| 720p | 635.7 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
5.7 / 10
Director