| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |

2009 ခုနှစ်ကထုတ်ဝေထားပြီး review ကောင်းတွေနဲ့နာမည်ကျော်တဲ့ Steve Harvey ရဲ့ "Act like a lady, think like a man" ဆိုတဲ့မိန်းမတွေအတွက်ယောက်ျားတွေရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပြထားတဲ့စာအုပ်ကိုအခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ် IMDb 6.5/10. Rotten tomatoes 54%ထိရရှိထားပြီးဗျူဟာအသစ်တွေနဲ့အချစ်စမ်းကြမဲ့အမျိုးသမီးတွေနဲ့ အမျိုးသားထုကြီးအကြောင်းကိုဟာသဆန်ဆန်ရိုက်ကူးထားတာကိုတွေ့ရမှာပါ Kevin Hart နဲ့သူငယ်ချင်းတွေကတော့အမျိုးသားထုကြီးကိုကိုယ်စားပြုထားတာဖြစ်ပြီး Steve ရဲ့စာအုပ်ကြောင့်သူတို့ရဲ့အချစ်ရေးကိစ္စတွေမှာပရမ်းပတာတွေဖြစ်သွားပါတော့တယ် စာအုပ်ဖတ်ပြီးတစ်ကွက်ကြိုမြင်နေတဲ့အမျိုးသမီးတွေဖက်ကစစချင်းတစ်ပန်းသာနေခဲ့ပေမဲ့ ကစားပွဲအလှည့်အပြောင်းတစ်နေရာအရောက်မှာတော့... နည်းဟောင်းတွေနဲ့တိုက်လို့မရတော့တဲ့အတွက်အမျိုးသားထုကြီးကလည်းဗျူဟာအသစ်တွေထုတ်သုံးရပါတော့တယ် ဒီလိုနဲ့အမြဲတမ်းလွန်ဆွဲနေတဲ့အချစ်စစ်ပွဲမှာဘယ်သူတွေကအနိုင်ရသွားမလဲဆိုတာကိုပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်