
Thick as Thieves (2009) ရစ်ပလေ ဆိုတဲ့နာမည်ကတော့ သိုးဆောင်းတို့ဘာသာစကားမှာ တော်တော်ဟိတ်ဟန်ကြီးသဗျ။ တွမ် ရစ်ပလေ ဆိုတဲ့ ဇာတ်ကောင်တစ်ကောင်နဲ့ ကျွန်တော် လူကြီးမင်းတို့ကို မိတ်ဆက်ပေးဖူးတယ်။ အဲဒီကောင်ကလည်း လူဆိုးဂိုဏ်းလောကမှာ တစ်ကိုယ်တော် လူစွမ်းကောင်း။ အခုဇာတ်ကားမှာတော့ ကစ်သ် ရစ်ပလေ တဲ့ဗျာ။ တကယ့်လူ။ နှစ်ဖက်ချွန်တာနဲ့ အားမရတော့ သုံးဖက်ချွန်တဲ့ စမူဆာလိုလူကြီး။ နောက်ပိုင်းမှာ အဖက်ဖက်ကိုချွန်နေတဲ့ ဆိုင်ကယ်စပေါ့ကတ်ကြီး ဖြစ်နေပါရော့လား။ စပေါ့ကတ်တောင် ခွေးသွားစိတ်များတဲ့ နံပါတ်ကြီးဗျ။ လူဆိုးဂိုဏ်းသားကြီးတော့ မဟုတ်ပါဘူးလေ။ တစ်ကိုယ်တော် သူခိုးကြီးပါ။ တစ်ပွဲစားအဆင့်ကြီးပေါ့။ သူတပါးပစ္စည်း အပျောက်ဖျောက်တဲ့နေရာမှာ အနုပညာမြောက် ကျွမ်းကျင်မှော်ဝင်သူ။ သူခိုးကားတွေရဲ့ ထုံးစံလိုပါပဲလေ။ တွဲဖက်တစ်ယောက်ရှိတယ်။ သူများသတ်လို့သေသွားတယ်။ ဒီတော့ တွဲဖက်ရဲ့ မပြီးဆုံးသေးတဲ့ကိစ္စတွေကို ပြီးဆုံးအောင်လုပ်ပေးဖို့တာဝန်ရယ်၊ သူ့သမီးလေးကို စောင့်ရှောက်ရမယ့်တာဝန်ရယ်။ ဒီတာဝန်တွေကို တစ်ဦးတည်းဆောင်ရွက်ဖို့ အသက်ကြီးသွားပြီဖြစ်တဲ့ ကစ်သ် ရစ်ပလေ က လူငယ်ခြေတက်၊ သူခိုးပေါက်စလေး ဂေဘရီရယ် ရဲ့အကူအညီကို ယူရဖို့ဖြစ်လာတယ်။ သူတို့ခိုးရမယ့်ပစ္စည်းက ရုရှားဇာဘုရင်မိသားစုရဲ့ တော်ဝင်နန်းတွင်းရတနာရွှေဥနှစ်လုံး။ လုံခြုံရေးစနစ်က ယင်ကောင်တောင် ဝင်မရလောက်ဘူး။ တံခါးသုံးဆင့်မြေတိုက် လုံခြုံရေးခန်းထဲမှာ ကျည်ကာမှန်သေတ္တာထဲထည့်ထားတဲ့ ဥတွေ။ ရစ်ပလေ ဘယ်လိုကြံပြီး ဘယ်လိုယူမလဲဆိုတာ စိတ်ဝင်စားဖို့တော့ ကောင်းသား။ Plot twist ခပ်ပါးပါးလေး ပါတယ်။ ရုပ်ရှင်နဲ့ ရင်းနီးသူဆိုရင် ရိပ်မိလောက်မှာပါ။ ဟာခနဲဖြစ်သွားရင်တော့ လူကြီးမင်း ရုပ်ရှင်ကြည့်သက်တမ်း ဝါနုသေးတယ် xD။ ကဲပါလေ။ မင်းသားကြီး Morgan Freeman ရယ်၊ Antonio Banderas ရယ်၊ မင်းသမီးကြီးက Radha Mitchell တို့ သရုပ်ဆောင်ထားကြပါတယ်။ Rating ကလည်း မဆိုးသလို ကြည့်လို့ကောင်းတဲ့ဇာတ်ကားဖြစ်တာကြောင့် လူကြီးမင်းတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 810MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 44Min Genre – Action, Crime, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.85GB | Download | |
| 1080p | 1.85GB | Download | |
| 1080p | 1.85GB | Download | |
| 1080p | 1.85GB | Download | |
| 1080p | 1.85GB | Download | |
| 1080p | 1.85GB | Download | |
| 720p | 810MB | Download | |
| 720p | 810MB | Download | |
| 720p | 810MB | Download | |
| 720p | 810MB | Download | |
| 720p | 810MB | Download | |
| 720p | 810MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.0 / 10
Director