
ဂျက်ကီချမ်းကိုယ်တိုင် ဒါရိုက်တာလုပ် ဇာတ်ညွှန်းကူရေး သရုပ်ဆောင်ထားတဲ့ Classics ကားပေါ့။ သူ ဒါရိုက်တာစလုပ်တဲ့ ဒုတိယကားဆိုလည်း ဟုတ်တယ်။ ပထမကားကတော့ The Fearless Hyena တဲ့။ သိပ်တော့မကောင်းခဲ့ဘူး။ ဒီကားကတော့ အများကြီးပိုတိုးတက်လာခဲ့ပုံပါပဲ။ သူ့ဇာတ်က တရုတ်ရိုးရာ ခြင်္သေ့အကကတာကနေ အခြေပြုထားတယ်။ ဒီနောက် ပြဿနာတွေတက် သူ့ဆရာက သူ့အစ်ကိုနဲ့ရန်ဖြစ်ပြီး ထွက်သွား နည်းနည်းတော့ဇာတ်နာတဲ့ဟန်နဲ့ပေါ့။ သူက သူ့အစ်ကိုနောက်လိုက်ပြီး သွားပြန်ခေါ်ဖို့လုပ်ရာကနေ ဟာသတွေ စလာတယ်ပြောရမှာပဲ။ နောက်ပိုင်းအဆုံးထိ ဘော့စ်နဲ့တိုက်တဲ့အခန်းအထိ ဟာသတွေရဲ့အရှိန်ဟာ တက်ပြီးရင်းတက်လာခဲ့တယ်။ ပြောရရင် ဂျက်ကီချမ်း အငွေ့အသက်အပြည့်ရတဲ့ အက်ရှင်ဟာသကားပေါ့။ သူ့ရဲ့ အကောင်းဆုံးကားတွေကို စာရင်းလုပ်ရင် ဒီကားက ၁ကနေ ၁၀အတွင်း တစ်နေရာရာမှာတော့ရှိနေမယ်ထင်ရတာပါပဲ။ စိတ်မကောင်းစရာကတော့ ဒီကားရဲ့ ၃နာရီဗားရှင်းဟာ ရှိခဲ့ပေမဲ့ အခုတော့ မရှိတော့တာလား ပေါ်မလာတော့တာလည်းတော့မသိပါဘူး။ ဂျက်ကီချမ်းရဲ့ ဦးအစက ဂျက်ကီချမ်းပီပီသသနဲ့ ခွီခဲ့ ကြမ်းခဲ့တဲ့ရုပ်ရှင်မို့ ဂျက်ကီဖန်တွေ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ဒီကားက မင်းသမီးဟာ ဟိုးဟောင်ကောင်သိုင်းကားတွေက မင်းသမီးတွေလို ရုပ်မျိုးနဲ့ဆိုတော့ အဲဒီတုန်းက ကားတွေကို ပြန်လွမ်းမောဖို့ကောင်းသလို ဒီတိုင်းကြည့်ရင် သိပ်မလှဘူးထင်ရပေမဲ့ မင်းသမီးရဲ့ သိုင်းကွက်တွေ သရုပ်ဆောင်ကွက်တွေမှာမှ ပေါ်ပေါ်လာတတ်တဲ့ ညှို့ဓာတ်ကလည်း ဒီကားရဲ့အဓိကကျတဲ့ ဆွဲဆောင်မှုတွေထဲက တစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.22GB, 1.11GB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 1H 45Min Genre - Action, Adventure, Comedy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.22GB | Download | |
| 720p | 1.11GB | Download | |
| 1080p | 2.22GB | Download | |
| 720p | 1.11GB | Download |