
IMDb – 7/10 ပထမကမ္ဘာစစ်လို့ အသုံးအနှုန်းမပေါ်ခင်တုန်းက ၎င်းကိုမဟာစစ်ပွဲကြီး သို့မဟုတ် စစ်ပွဲအားလုံးကိုချုပ်ငြိမ်းစေမယ့်စစ်ပွဲလို့ ခေါ်ဆိုကြပါတယ်။ ၁၉၁၄ ခုနှစ်ကန ၁၉၁၈ ခုနှစ်အထိ စစ်သည်ပေါင်း ဆယ်သန်းလောက် သေကြေခဲ့ရပါတယ်။ ခေတ်မီလက်နက်ဆန်းတွေ၊ ဓာတုလက်နက်တွေ အစပြုသုံးစွဲခဲ့တာကြောင့် မကြုံစဖူး သေကြေဒဏ်ရာရတာတွေ များပြားခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ပထမကမ္ဘာစစ်ရဲ့အညတရဖြစ်ရပ်တွေကို Sabaton ဟဲဗီးမက်တယ်လ်အဖွဲ့ရဲ့ ဆယ်ခုမြောက်အယ်ဘမ် “The War to End All Wars” ထဲက မက်တယ်လ်သီချင်း အပြင်းစားတွေနဲ့ ရှုစားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဘယ်လ်ဂျီယမ်ဘုရင် ပထမမြောက် အဲလ်ဘတ်ရေးထားတဲ့ လက်ရေးစာရွက်လေးက စစ်မြေပြင်မှာ လွင့်ပျံသွားပြီး အခြားသောစစ်မြေပြင်တွေဆီ လည်ပတ်ချိတ်ဆက်သွားပြတာပါ။ အစဉ်အတိုင်း စီစဉ်ချပြရရင် ၁) အီဇာမြစ်တိုက်ပွဲ (ဘယ်လ်ဂျီယမ်နဲ့ ဂျာမနီ) ၁၉၁၄ ခုနှစ် အောက်တိုဘာလ ၂) ကိုလူဘာတာမြစ်တိုက်ပွဲ – သူရဲကောင်း မီလွန်ကာ ဆားဗစ်ခ်ျ (ဆားဘီးယားနဲ့ ဩစတို-ဟန်ဂေရီ) ၁၉၁၄ခုနှစ် နိုဝင်ဘာလ ၃) အနောက်ဖက်စစ်မျက်နှာပြင် ခရစ္စမတ်ယာယီစစ်ပြေငြိမ်းရေး – ၁၉၁၄ ခုနှစ် ဒီဇင်ဘာလ ၄) ဂျာမန် မုန်တိုင်းအထူးတပ်ဖွဲ့ စစ်ဆင်ရေး – ၁၉၁၅ ခုနှစ် နွေဦးရာသီ ၅) ဂျဒ်လန် ရေတပ်တိုက်ပွဲ (ဗြိတိသျှနဲ့ ဂျာမနီ) ၁၉၁၆ ခုနှစ် ဇွန်လ ၆) ဆွန်းမ် တိုက်ပွဲ – ဒုတိယဗိုလ်မှူးကြီး အေဒရီယန် ဒီဝေါ့တ် (ဗြိတိန်+ပြင်သစ် နဲ့ ဂျာမနီ) ၁၉၁၆ ခုနှစ် ဇူလိုင်လ ၇) အဖြူရောင်သောကြာနေ့ဖြစ်စဉ် – ၁၉၁၆ ခုနှစ် ဒီဇင်ဘာလ ၈) ဒွိုင်ရန်တိုက်ပွဲ (ဘူလ်ဂေးရီးယားနဲ့ ဗြိတိန်) – ၁၉၁၇ ခုနှစ် နွေဦးကာလ ၉) ဟာလမ် ငရဲသားစစ်သည် ဟန်နရီဂျွန်ဆင်၏ သူရဲကောင်းဆန်သော တိုက်ပွဲဝင်မှု – ၁၉၁၈ ခုနှစ် မေလ သုံးသပ်ရရင် အန်နီမေးရှင်းတွေက အရမ်းမကောင်းပေမယ့် ကြည့်ပျော်ပါတယ်။ ဒါ့အပြင် ဟဲဗီးလ်မက်တယ်လ်ကြိုက်သူတွေအတွက်ကတော့ အတိုင်းထက်အလွန် ဖြစ်ပါလိမ့်မယ်။ Yarnhub Animation Studio က ထုတ်လုပ်ပြီး ဇာတ်ညွှန်း Pär Sundström နဲ့ David Webb ဖြစ်ကာ ဒါရိုက်တာကတော့ Vadim Viner ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန် Thompson ဖြစ်ပါတယ်။ File size…(1.8 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thompson
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director