
ဒီဇာတ်ကားလေးက ၂၀၂၂ ကမှထွက်ရှိထားတဲ့ အီတလီဇာတ်ကားလေးပါ။ အချိန်ခရီးသွားတဲ့ Fantasy အမျိုးအစားဇာတ်ကားဖြစ်ပြီး ခါတိုင်းလို အမေရိကန်တွေက ကမ္ဘာကြီးကိုကယ်တင်မဲ့အစား ဒီတစ်ခါတော့ အီတာလျံတွေ ကမ္ဘာကိုကယ်တင်မှာကို ကြည့်ရှုရမှာပါ။ ဇာတ်လမ်းအကျဥ်း ကတော့ မက်စ် ဆိုတဲ့ကောင်လေးရဲ့ အစ်ကိုဖြစ်သူ ဘီယိုက သိပ္ပံသုတေသန Lab တစ်ခုမှာ အလုပ်လုပ်နေတဲ့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ ခြေရာလက်ရာမကျန်ဘဲ လုံးဝပျောက်ဆုံးသွားပါတယ်။ တစ်နှစ်အကြာမှာ အစ်ကိုဖြစ်သူပျောက်သွားတဲ့ Lab ကို မက်စ်နဲ့ သူ့သူငယ်ချင်းတွေဖြစ်တဲ့ ဂရီတာ နဲ့ ဖလီဘိုတို့ သုံးယောက်သား ဖောက်ထွင်းဝင်ရောက်ရာကနေ စက်တစ်ခုကို မတော်တဆဖွင့်မိရင်း သူငယ်ချင်းသုံးယောက်လုံး အတိတ်ကိုပြန်ရောက်သွားပါတော့တယ်။ ရောက်သွားတဲ့အတိတ်က ဒုတိယကမ္ဘာစစ်ဖြစ်ခါနီး မူဆိုလီနီအုပ်ချုပ်နေတဲ့ ဖက်ဆစ်အီတလီနိုင်ငံကိုဖြစ်ပါတယ်။ အစ်ကိုဖြစ်သူကိုစုံစမ်းရင်း Montanary Brigade ဆိုတဲ့ ဖက်ဆစ်ဆန့်ကျင်ရေးအုပ်စုတစ်စုနဲ့ ဆက်သွယ်မိပြီး မူဆိုလီနီက ဒုတိယကမ္ဘာစစ်ကို အနိုင်တိုက်ပြီး သမိုင်းကိုပြောင်းဖို့အတွက် ပြီးပြည့်စုံတဲ့ ကာလယန္တရားတစ်ခုကိုတည်ဆောက်နေပြီး မက်စ်ရဲ့အစ်ကို ဘီယိုကိုလည်း ဖမ်းဆီးထားတာကို သိလိုက်ရချိန်မှာတော့ ကလေးသုံးယောက် မူဆိုလီနီရဲ့အကြံကို တားဆီးရပါတော့တယ်။ ဇာတ်လမ်းက ကြည့်ရတာပေါ့ပါးပြီး ဇာတ်အိမ်ရိုးရှင်းပေမဲ့ ဒရာမာ elements တွေလည်း ထည့်သွင်းထားလို့ အားလုံးခြုံကြည့်ရင် ကြည့်ပျော်မဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ Time Travel ဇာတ်ကားဆိုပေမဲ့ ခေါင်းစားစရာတွေမပါတာကြောင့် စိတ်ချလက်ချကြည့်ရှုနိုင်ပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Fantasy, Adventure, TV Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemhein
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.1GB | Download | |
| 1080p | 2.1GB | Download | |
| 1080p | 2.1GB | Download | |
| 1080p | 2.1GB | Download | |
| 720p | 1.1GB | Download | |
| 720p | 1.1GB | Download | |
| 720p | 1.1GB | Download | |
| 720p | 1.1GB | Download | |
| 720p | 1.1GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director