
ဒီတစ်ခါမှာတော့ မှုခင်းဇာတ်ကားကောင်းကောင်းကြည့်ချင်နေကြတဲ့ ပရိတ်သတ်ကြီးအတွက် The Victim ဆိုတဲ့ မှုခင်းဇာတ်ကားကောင်းလေးကို CM ကနေတင်ဆက်ပေးလိုက်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးအနေနဲ့ – ဟွမ်ချွဲ့ဗီလာစားသောက်ဆိုင်မှာ အားလုံးဘောလုံးပွဲကြည့်နေကြတုန်းမှာ ဆိုင်ရှေ့မှာရပ်ထားတဲ့ကားက alarm မြည်တာမလို့ မန်နေဂျာမာဆိုတဲ့သူကသွားကြည့်ခဲ့ပါတယ် ။ အဲဒီအချက်ပေးသံထမြည်တဲ့ကားထဲမှာ အမျိုးသမီးတစ်ယောက် သေနေရာကနေ ဒီဇာတ်လမ်းလေးစခဲ့ပါတယ် ။ မန်နေဂျာမာရဲတိုင်ပြီးပြီးချင်းမှာ ရဲတွေရောက်လာပြီး စစ်ဆေးကြရာမှာ သေဆုံးသူက ကာရာအိုကေဆိုင်က ကွမ်းရှို့ယင်းဆိုတဲ့အမျိုးသမီးဖြစ်ပြီး သေဆုံးပုံကလည်း လည်ပင်းအညှစ်ခံထားရတဲ့အပြင် ဓားနဲ့ပါအထိုးခံထားရပါတယ် ။ အဲဒီထူးဆန်းတဲ့လူသတ်မှုကို ရဲတွေစုံစမ်းဖို့လုပ်ပေမဲ့ ဟွမ်ချွဲ့ဗီလာက CCTV မရှိတဲ့အပြင် လူသွားလူလာပြတ်တဲ့နေရာဖြစ်နေချိန်မှာတော့… ကွမ်းရှို့ယွမ်ကိုသတ်တဲ့သူကဘယ်သူဖြစ်မလဲ ? ရဲတွေသံသယရှိနေတဲ့သူနဲ့ တကယ့်တရားခံအစစ်ကရောတူညီနိုင်ပါ့မလား ? ဆိုတာကို ဇာတ်လမ်းထဲမှာ အလှည့်အပြောင်းများစွာနဲ့ စိတ်ဝင်စွားဖွယ်ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှုကြဖို့တိုက်တွန်းလိုက်ပါရစေ
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.2 GB | Download | |
| 1080p | 1.2 GB | Download | |
| 1080p | 1.2 GB | Download | |
| 1080p | 1.2 GB | Download | |
| 1080p | 1.2 GB | Download | |
| 720p | 638.8 MB | Download | |
| 720p | 638.8 MB | Download | |
| 720p | 638.8 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.0 / 10
Director