
IMDb Rating - 6.7/10 ၂၀၂၂မှာထွက်ရှိထားတဲ့ တကယ်ကိုရယ်ရတဲ့ ဟာသကားကောင်းလေးတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ရုပ်ရှင်မင်းသမီးတစ်ယောက် ဘီလီယံနာသူဌေးတစ်ယောက်နဲ့ ချစ်ကြိုက်နေတာကို ပါပါရာဇီတွေရဲ့ ဓာတ်ပုံထဲ ရိုက်မိသွားပါတယ်။ ဖြစ်ချင်တော့ သူဌေးမင်းက မယားကြီးငုတ်တုတ်ရှိနေတော့ သူမသိအောင် လိမ်ရတော့တာပေါ့။ အဲဓာတ်ပုံထဲမှာ ဖြစ်ချင်တော့ သူတို့နှစ်ယောက်အပြင် တခြားလူတစ်ယောက်ကော ရှိနေလေရဲ့။ သူကတော့ ရိုးသားတဲ့ ဖိုးသခွားလေးဖြစ်ပြီး အသက်ကြီးပေမယ့် အလုပ် ကြိုးစားတဲ့ ဧည့်ကြိုဝန်ထမ်းလေးပါ့။ ဒီတော့ သူဌေးမင်းနဲ့ မင်းသမီးတိုင်ပင်ပြီး လှည့်ကွက်တစ်ခုလုပ်ကြပါတယ်။ "ရွှေမင်းသမီးနဲ့ ကိုဧည့်ကြို"ဇာတ်ကို ထွင်ရတာပေါ့။ ကလိမထိုးပဲ ရယ်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေ စကားပြောခန်းတွေနဲ့ တကယ်အူတက်စေမယ့်ကားလေးပါ။ စိတ်အမောတွေပြေစေပြီး ဟာသကားကောင်းလေးတွေကို ကြည့်ချင်သူတွေအတွက်လက်မလွှတ်သင့်တဲ့ ကားကောင်း လေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Zaw Myo Thu မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ Zaw Myo Thu, Leonard Lin, Roman NoX တို့ဖြစ်ပါတယ်။) File Size..........(1.42 GB) / (755 MB) / (457 MB) Quality............WebRip 1080p / 720p / 480p Duration.........2Hr 04mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Zaw Myo Thu, Leonard Lin, Roman NoX Encoder..........SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.42 GB | Download | |
| 720p | 755 MB | Download |