
The Underdoggs (2024) =================== အမေရိကန်ရက်ပါ/မင်းသား Snoop Dogg ရဲ့ (၂၀၂၄)ခုနှစ်ထွက် ကားသစ်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သူ့ကားတွေ ကတော့ သိတဲ့အတိုင်း အသုံးခပ်ကြမ်းကြမ်းမို့ မိသားစုတို့ဘာတို့နဲ့ ကြည့်မယ်ဆိုရင် ဆင်ခြင်ပြီးကြည့်ရှုကြပါ။ အခုကားကတော့ Comedy/ Sport genre ဖြစ်ပြီး စိတ်ဝင်စားစရာလည်းကောင်းပါ တယ်။ နာမည်ကျသွားတဲ့ မာနခဲကြယ်ပွင့်ကစားသမားတစ်ယောက် အကြောင်းကို ရိုက်ကူးထားတာပါ။ ဂျေဆင်ဟာ လူငယ်ဘဝတုန်းက Gridiron Football အားကစားမှာ နာမည်ကြီးခဲ့တဲ့ကြယ်ပွင့်ကစားသမားတစ်ယောက်။ အသင်းဖော်ကို ရော၊ နည်းပြကိုရော၊ ပရိတ်သတ်ကိုရော ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ သူ့အမူအကျင့်တွေကနေ ပြဿနာတွေဖြစ်လာပြီး အားကစားလောက ကနေ နှစ်၂၀ကင်းကွာသွားတဲ့သူ။ အဆဲအဆိုခံရတာတွေလည်း ဒုနဲ့ဒေး။ ဒါပေမဲ့ သူ့စိတ်ကတော့ သူရွှေထီးဆောင်းခဲ့တဲ့ကာလထဲမှာပဲ ရှိနေဆဲ။ တစ်နေ့ကျ ကားကို ဟယ်လင်ကဲလားလို မောင်းရာကနေ အက်ဆီးဒင့် ဖြစ်ပြီး ရုံးရောက်ဂတ်ရောက်တွေဖြစ်ကုန်တယ်။ တရားရုံးမှာ သူ့အမှုကို ကိုင်ရတဲ့တရားသူကြီးက သူ့ဇာတိမြို့ လောင်းဘိချ်မှာကတည်းကခင်ခဲ့တဲ့ ငတိမ။ သူ့အိမ်နီးချင်းရဲ့ထီမထင် မာနခဲစရိုက်ကိုသိနေတဲ့ တရားသူကြီးက ထောင်ချတဲ့အပြစ်ဒဏ်မပေးဘဲ လောင်းဘိခ်ျမှာ ပရဟိတအလုပ် နာရီ ၃၀၀ပြည့်အောင်လုပ်ရမယ်လို့ အမိန့်ချတယ်။ အဲလိုနဲ့ နာမည်ကျဘောလုံးသမားကြီးဟာ သူ့အိပ်မက်တွေ စအခြေတည်ရာ ဇာတိမြို့လေးကို ပြန်ရောက်လာတယ်။ လိမ္မော်ရောင်သန့်ရှင်းရေးဝတ်စုံလေး ဝတ်ပြီး အာဝုအီးကျုံးဖို့ ဂေါ်ပြားလေးကိုင်ထားရင်းပေါ့။ ဒါ့အပြင် အကြောင်း တိုက်ဆိုင်ပြီး အဲဒီက ကလေးဘောလုံးအသင်းလေးမှာ နည်းပြလုပ်ပေးဖို့ဖြစ် လာတဲ့အခါ….။ ဇာတ်သွားကတော့ အဲလိုပါပဲ။ ဒီလို Plot မျိုးကြိုက်တဲ့သူတွေ ကြည့်ရှုသင့်တဲ့ကားကောင်းလေးဖြစ်ပါကြောင်း။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ Ngwe Zin, May Thet Khine Soe တို့ ဖြစ်ပါတယ်) File Size……….(2 GB) / (1.1 GB) Quality…………WEB-DL 1080p / 720p Duration………1Hr 36Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Sport Translator…….Ngwe Zin, May Thet Khine Soe Encoder……….Zin Phyo Aung
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2 GB | Download | |
| 1080p | 2 GB | Download | |
| 1080p | 2 GB | Download | |
| 1080p | 2 GB | Download | |
| 1080p | 2 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director