
The Unborn Soul (2023) ဗီယက်နမ် Horror ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Horror ဆိုပေမယ့် ဒရာမာကားကောင်းကောင်းတစ်ကားလို ဇာတ်လမ်းအချိတ်အဆက်မိမိ တင်ပြထားတာမို့ တစ်ကားလုံး ပျင်းမနေဘဲ အဆုံးထိ ကြည့်မိမယ့်ကားမျိုးပါပဲ။ အမျိုးသမီးဇာတ်ကောင် ၃ ယောက်ရဲ့ ဆက်နွယ်မှုတွေကို တင်ပြရင်းနဲ့ ဒီဇာတ်လမ်းက ပုံပေါ်လာမှာပါ။ ပထမဆုံးအမျိုးသမီး “ထောင်”ကတော့ ယောက်ျားဖြစ်သူနဲ့အတူ ကလေးရဖို့အတွက် လေးနှစ်တောင်စောင့်ဆိုင်းခဲ့ရသူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ အတိတ်က မကောင်းမှုတွေကြောင့် သူ့အိမ်မှာ သန္ဓေသားဘဝနဲ့ သေဆုံးရတဲ့ကလေးသရဲကပ်ပြီး ဒုက္ခရောက်တော့တာပါပဲ။ ဒုတိယအမျိုးသမီး “ဖွန်း” ကတော့ ကိုယ်ဝန်ဖျက်ချတဲ့ဆေးခန်းက ဆရာဝန်ပါ။ တစ်ဖက်မှာ သူတစ်ပါးကလေးအသက်သတ်နေရပေမဲ့ တစ်ဖက်မှာတော့ သူ့ရဲ့သားလေး မင်းကို အသက်ဆက်ရှင်နိုင်အောင် ကြိုးစားနေရတာပါ။ သားအတွက် ဆေးဖိုးရှာနိုင်အောင် ကိုယ်ဝန်ဖျက်ချရတဲ့ ဖွန်းတစ်ယောက် လိပ်ပြာလုံလုံနဲ့ လုပ်နိုင်ပါ့မလား။ တတိယအမျိုးသမီးကတော့ နတ်မိမယ်လေးမိဘမဲ့ဂေဟာက အမျိုးသမီးပါ။ မိဘမဲ့တွေကို စောင့်ရှောက်ရတာအပြင် ကိုယ်ဝန်ဖျက်ချပြီးထွက်လာတဲ့ သန္ဓေသားအလောင်းတွေကို ကောင်းရာမွန်ရာမှာ မြေမြှုပ်ရင်းနဲ့ အောက်ဆိုက်ရှာနေရတဲ့သူပေါ့။ သူ့ရဲ့အကြောင်းအရာကရော ဘယ်လိုဆက်ဖြစ်မလဲ။ ဒီအမျိုးသမီးသုံးယောက် ဘယ်လိုဆက်စပ်နေမလဲ။ သန္ဓေသားသရဲတွေနဲ့ သူတို့သုံးယောက်ရဲ့ ပတ်သက်ဆက်နွှယ်ပုံက ဘယ်လိုလဲဆိုတာကိုတော့ ဒီကားထဲမှာ ဆက်လက်စောင့်ကြည့်ပေးပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre….. Drama, Horror, Thriller Quality…. 1080p | 720p | 480p File size… 1.2GB | 668MB | 338MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Xing Egg Encoder ….. Aaron