
၂၀၂၂ ခုနှစ်ထွက် Horror ကားသစ်လေး တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားထဲမှာ အဓိကသရုပ်ဆောင် မင်းသမီးကတော့ I am Number 4, Warm Bodies, Lights Out နဲ့ Hacksaw Ridge မှာ ပါဝင်ခဲ့တဲ့ မင်းသမီးချော Teresa Palmer ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည် ဘယ်လောက်ကောင်းကြောင်း မြင်တွေ့ရမှာပါ။ ဇာတ်လမ်းအကျဥ်းကတော့ ဆိုးရွားတဲ့ ကားမတော်တဆမှု တစ်ခုမှာ အမြွှာထဲက တစ်ယောက်ဖြစ်တဲ့ နေသန်ကို ဆုံးရှုံးလိုက်ရတဲ့ ရေချယ်နဲ့ အန်တိုနီတို့ဟာ အမြွှာထဲက နောက်တစ်ယောက် အယ်လီရက်နဲ့အတူ ဘဝအသစ်ပြန်စဖို့ နေရာသစ်တစ်ခုကို ပြောင်းရွေ့လာခဲ့ပါတယ်။ သားတစ်ယောက်ကို ဆုံးရှုံးခဲ့ရတဲ့ ရေချယ်ဟာ အယ်လီရက်ကို မျက်စိရှေ့က အပျောက်မခံဘဲ အရိပ်တကြည့်ကြည့်နဲ့ ဖြစ်နေပါတော့တယ်။ နေရာသစ်ကို ရောက်ပြီး မကြာခင်မှာပဲ အယ်လီရက်ရဲ့ အပြုအမူတွေဟာ ထူးဆန်းလာပါတော့တယ်။ ထို့နောက် ရေချယ်ဟာ ပါတီတစ်ခုမှာ ထူးဆန်းတဲ့မိန်းမကြီးတစ်ယောက်နဲ့ ဆုံဖြစ်ခဲ့ပါတယ်။ ထိုမိန်းမကြီးက အယ်လီရက်နဲ့ ပတ်သတ်ပြီး အထူးအဆန်းတွေ ပြောသွားခဲ့လို့ ရေချယ်တစ်ယောက် စိတ်ခုလာပါတော့တယ်။ နောက်တော့ အယ်လီရက်ရဲ့ အပြုအမူတွေဟာ တဖြည်းဖြည်းနဲ့ ပိုပိုဆိုးလာပါတော့တယ်။ ရေချယ် တစ်ယောက် နေရာအသစ်တစ်ခုမှာ ဘယ်လို ထိတ်လန့်ဖွယ်ရာတွေ ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှု့ရမယ့် Psychological Horror ကား တစ်ကားဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre.....Horror, Thriller Quality….1080p | 720p| 480p File size…1.5GB and 788MB and 291MB Format…mp4 Duration….1h 48min Subtitle….Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... August
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.53GB | Download | |
| 720p | 788MB | Download | |
| 1080p | 1.53GB | Download | |
| 720p | 788MB | Download |