
The Trade ကတော့ အင်္ဂလိပ်စကားပြောနိုင်ဂျီးရီးယားရုပ်ရှင်ပါ။ the trade of humansကိုရည်ညွှန်းချင်တာဖြစ်ပါတယ်။ လူတွေကိုပြန်ပေးဆွဲ လူကုန်ကူးတဲ့ အကြီးစားရာဇဝတ်ကောင်တစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန်တချို့ကိုအခြေခံပြီးရိုက်ကူးထားတာပါ။ နိုင်ဂျီးရီးယားကလည်း crime rateမြင့်ပြီး သွားရောက်လည်ပတ်ဖို့မသင့်ထဲနိုင်ငံတွေထဲတစ်ခုအပါအဝင်မဟုတ်လား။ ရဲတွေဟာလာဘ်စားပြီး တရားဥပဒေစိုးမိုးမှုနည်းပါးတယ်။ အသေးစားပြစ်မှုတွေကနေ လူသတ်မှု ဓားပြတိုက်မှု ပြန်ပေးဆွဲမှု လူကုန်ကူးမှုတွေအထိ နိုင်ငံအနှံ့မှာဖြစ်နေတယ် ဒီဇာတ်လမ်းထဲမှာတော့ အဲရစ်ခ်ဆိုတဲ့ ပြန်ပေးဆွဲလူသတ်တဲ့အကြမ်းဖက်အဖွဲ့ရဲ့ခေါင်းဆောင်...သူဟာ နိုင်ဂျီးရီးယား လာဂိုစ်ပြည်နယ်ကို အကြမ်းဖက်နေခဲ့တာနှစ်ပေါင်းကြာခဲ့ပြီ။ သူ့ရဲ့သားကောင်တွေက ချမ်းသာတဲ့သူတွေ (သို့) သူချမ်းသာတယ်လို့ယူဆတဲ့သူတွေဖြစ်လေ့ရှိတယ်။ သူဖမ်းခေါ်သွားတဲ့ဓားစာခံတွေအတွက် ပြန်ရွေးငွေကတော့ အမေရိကန်ဒေါ်လာတစ်သန်း။ ပြန်မရွေးနိုင်တဲ့သူတွေကို ညှာတာမှုမရှိသတ်ပစ်တယ်။ အဲရစ်ခ်ဆိုတာကလည်းနာမည်အတု သူ့နာမည်အရင်းကို သူ့လူတွေရော သူ့မိန်းမတွေနဲ့သားသမီးတွေတောင်မသိပါဘူး။ ဆင်းမ်ကတ်တစ်ခုကို တစ်ကြိမ်မှာနံပါတ်တစ်ခုကိုပဲခေါ်ပြီး သီးသန့်နံပါတ်နဲ့ပဲဆက်သွယ်တဲ့အရိပ်လိုလူတစ်ယောက်။ အဘူကာဆိုတဲ့စုံစမ်းရေးမှူးကတော့ ဖြောင့်မတ်ပြီးအရည်အချင်းရှိတဲ့သူတစ်ယောက်ပေါ့။ သူဟာအဲရစ်ခ်ကိုဖမ်းမိဖို့အတော်လေးနီးစပ်ခဲ့ပေမယ့် အဲရစ်ခ်ရဲ့ပိရိမှုအထက်အမိန့်ကိုမလွန်ဆန်နိုင်မှု ရင်းမြစ်မလုံလောက်မှုတွေကြောင့်လွဲချော်ခဲ့ရတယ်။ ဒီတစ်ကြိမ်တော့ သဲလွန်စတွေကို သူဘယ်လိုချိတ်ဆက်သွားမလဲ.... ဇာတ်ကားရဲ့ဒါရိုက်တာက Jadesola Osiberu ပါ သူတို့နိုင်ငံမှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို awareness မြင့်တက်စေဖို့ရည်ရွယ်ပုံပေါ်ပါတယ်။ တကယ်တော့ အကြမ်းဖက်မှုတွေဟာတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဖြစ်နေပြီး ရုပ်ရှင်တွေထဲကရက်စက်ကြမ်းကြုတ်မှုတွေကလက်တွေ့မှာဖြစ်နေတာတွေထက် မပိုမယ့်အပြင် လိုတောင်နေပါသေးတယ်။ File size…(2.2 GB)/(944 MB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Drama,Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hnin Ei Pai
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.2GB | Download | |
| 720p | 944MB | Download | |
| 1080p | 2.2GB | Download | |
| 720p | 944MB | Download |