
ဘရန်ဒီ ကလက်ခ်ဆိုတာ အထက်တန်းကျောင်းက လောလောလတ်လတ်ဘွဲ့ရထားတဲ့ ကျောင်းသူလေးပါ။ ကျောင်းစာမှာ ထိပ်ဆုံးရောက်အောင် ထူးချွန်ပြီး အဘက်ဘက်က ပြည့်စုံတဲ့သူပေမဲ့ တစ်ခုတော့ လိုအပ်နေပါတယ်။ လိင်ကိစ္စနဲ့ပတ်သက်တဲ့ အတွေ့အကြုံမရှိတဲ့ ပြစ်ချက်လေးပါပဲ။ ဘရန်ဒီတစ်ယောက် အထက်တန်းဘွဲ့ရပါတီမှာ ခပ်မိုက်မိုက် ကောလိပ်ကျောင်းသား ရပ်စတီဝါးတားစ်နဲ့ တွေ့ပြီး ကြွေသွားမိသွားပါတော့တယ်။ ဒါပေမဲ့ သူငယ်ချင်းတွေကတော့ လိင်ကိစ္စနဲ့ ပတ်သက်လို့ ဘာဆိုဘာမှမသိတဲ့ ဘရန်ဒီရဲ့ အဆင့်က ရပ်စတီကို မီဖို့ အများကြီးလိုနေတယ်လို့ ပြောကြပါတယ်။ ဒီတော့ ဘရန်ဒီတစ်ယောက် ရပ်စတီကို ဘယ်လို မီအောင် လိုက်မလဲ။ ဘရန်ဒီကလည်း ထူးချွန်ကျောင်းသူပီပီ လိင်ကိစ္စနဲ့ ပတ်သက်ပြီး သူ လုပ်ဖို့လိုတာတွေကို စာရင်းတစ်ခု ပြုစုလိုက်ပါတော့တယ်။ စာရင်းထဲက စမ်းသပ်ချက်တွေကို လုပ်ဖို့ ပူးကောင်လေးကတော့ သူ့ကို ကြိတ်ကြွေနေတဲ့ သူငယ်ချင်းလေး ကမ်မရွန်ပါ။ ဒီတော့ ကောလိပ်မရောက်ခင် ပညာစုံသင်မယ့် ဘရန်ဒီတစ်ယောက် ဘာတွေ လက်တည့်စမ်းဦးမလဲ ကိုယ့်ကိုကြွေနေတဲ့ သူငယ်ချင်း ကမ်မရွန်နဲ့ ကိုယ်က ကြွေနေတဲ့ ခပ်မိုက်မိုက်ကောင်လေး ရပ်စတီကြား ဘယ်လိုတွေ ဗျာများဦးမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးနော် File size… 1.75 GB / 874 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 44m Genre ..... Romance , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Phu Myat Thwe