Preparing your cinema experience...

The Time Capsule (2022) ================== ဒီကားလေးရဲ့ဇာတ်လမ်းအစမှာ ရွေးကောက်ပွဲမှာရှုံးသွားတဲ့ လွှတ်တော်အမတ်တစ်ယောက် မွေးရပ်မြေကို ဇနီးနဲ့အတူ အလည်အပတ်ပြန်လာကြတယ်။ နိုင်ငံရေးလုပ်ဖို့ငွေလိုတော့ သူတို့ရဲ့ အပန်းဖြေအိမ်ကိုပြန်ပြင်ပြီးရောင်းမလို့ပေါ့။ ဒါပေမဲ့ မထင်မှတ်ဘဲ သူ့ရဲ့ရည်းစားဟောင်းက နှစ် ၂၀ကြာ အာကာသထဲက အချိန်ကိုခဲထားတဲ့ယာဥ်ကနေပြန်လာတဲ့အခါ ထင်မှတ်မထားတဲ့ ရှာဖွေတွေ့ရှိမှုတွေဖြစ်လာတော့မှာပါ။ ဒီကားလေးက တိုးတက်နေတဲ့အနာဂါတ်မှာဖြစ်လာမယ့် ပြဿနာ တွေနဲ့ အာကာသကပြန်လာတဲ့ကောင်မလေးရဲ့အချစ်ဇာတ်လမ်းကို ရိုမန်တစ်ဆန်ဆန် ရိုက်ပြထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအဆုံးကိုလဲ မထင်မှတ်ထားတဲ့ ဇာတ်ကွက်တွေနဲ့ဖန်တီးထားလို့ ကြည့်ရှုပေးပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Su Myat ဖြစ်ပါတယ်)