
အိမ်အသစ်ကို ပြောင်းလာတဲ့ Nikolajဟာ ညဘက်တွေဆို သူ့အဝတ်ဗီရိုထဲက အသံတွေကြောင့် လန့်နိုးလာရတတ်ပါတယ်။ သူတို့ရဲ့ တိုက်တန်းတည်ရှိတဲ့ လမ်းမှာ အိုဟောင်းနေတဲ့ အိမ်ကြီးတလုံးလည်း ရှိနေပါသေးတယ်။ ဒါတွေက ဘယ်လိုချိတ်ဆက်နေလဲ။ Nikolaj က မမြင်သင့်တဲ့ လောကတခုကို မြင်နေရတာလား။ သူ့အခန်းမှာဆက်နေလို့ မရဘူးဆိုတာကို လက်မခံချင်ဖြစ်နေတဲ့ Nikolajတစ်ယောက် စပ်စုတတ်တဲ့ညီလေးနဲ့အတူ ကျောင်းက သူငယ်ချင်း အသစ်လေး Ximenaနဲ့ ဘယ်လိုပူပေါင်းပြီး သူ့အဝတ်ဗီရိုထဲက တစုံတရာကို ကူညီပေးကြမလဲဆိုတာ ကို ဒီ မက်ဆီကန် ရုပ်ရှင်ကားသစ်မှာ ကြည့်ရှုရမှာပါ။ ကြည့်နေကျ horror ကားတွေနဲ့ မတူတဲ့ ဇာတ်ကြောင်းပြောပုံနဲ့ အပြင်အဆင် ကြောင့် ပုံပြင်တစ်ပုဒ်ထဲ ရောက်ရှိသွားသလိုခံစားရပြီး လိုက်ပါစီးမျောနိုင်မှာပါ။ စပိန်စကားပြော ရုပ်ရှင်ဖြစ်တဲ့ အပြင်၊ မြင်နေကျမဟုတ်တဲ့ ကင်မရာ ရှုထောင့် တွေ၊ မက်ဆီကန် ရိုးရာ ယုံကြည်မှု အချို့ကို ထည့်သွင်းရိုက်ကူးထားပုံကိုလည်း မြင်တွေ့ရမှာပါ။ မိသားစု အတူတကွ ကြည့်ရှုနိုင်တဲ့ ရုပ်ရှင်တကားလည်း ဖြစ်ပါတယ်။ File size…(1.5 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre… Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Summer Lin