Preparing your cinema experience...

ဒီဇာတ်လမ်းလေးကတော့ တွဲလာတာ4နှစ်ကြာပြီးတဲ့နောက်မှာ ကောင်လေးဘက်ကနေ သတ္တိမွေးပြီး ကောင်မလေးကို ပရိုပိုစ်လုပ်တဲ့ဇာတ်ကွက်လေးနဲ့ ရိုမန်တစ်ဆန်ဆန်စထားတဲ့ ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ် ကောင်လေးဘက်က အမှတ်တရဖြစ်စေချင်လို သူစီစဉ်သမျှအကုန်လုံးကို video recording လုပ်ထားခဲ့ပါတယ် ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူrecordလုပ်မိတာက သူတိုအမှတ်တရတွေတင်မကပဲ ရာဇဝတ်မှုနဲ့ဆိုင်တာတွေပါ တိုက်တိုက်ဆိုင်ဆိုင် record လုပ်မိရက်သားဖြစ်သွားတဲ့အချိန်မှာတော့ သူတိုသမီးရည်းစားအတွက် ဘယ်လိုသက်ရောက်မှုတွေရှိလာမလဲ ရောက်လာသမျှအခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲ တကယ်ရော ကျော်ဖြတ်သွားနိုင်ရဲ့လားဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရမယ့်ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်