
စစ်သည်တစ်သိန်းနဲ့ ညီမျှတဲ့ စပိုင်စစ်သည်တော်ကြီး ဇာတ်လမ်းတွေကို ခဏခဏကြည့်ဖူးနေကြမှာပါ။ ဒီဇာတ်ကားထဲက စပိုင် ဘရတ်ဒလေကလည်း အဲဒီလိုပါပဲ။ ဘယ်လိုသတ်သတ်မသေတဲ့ ပစ်သမျှကျည် အကုန်လွဲတဲ့ လူစွမ်းကောင်းကြီးပေါ့။ ဒါပေမဲ့ ဒီကားကတော့ ဟာသကားပါ။ ကိုကျော်ဝင်းခေါ် ဂျွန်ဝစ် နဲ့ ဂျိမ်းစ်ဘွန်းကို နာမည်တပ်ပြီး ပြောင်ထားတာတွေပါတယ်။ နောက်ခံတီးလုံးကလည်း ဂျိမ်းစ်ဘွန်းတီးလုံးနဲ့ ခပ်ဆင်ဆင်လုပ်ထားပါတယ်။ ဒီတစ်ခါကတော့ ကမ္ဘာကို ဖျက်ဖို့ ကြိုးစားတာမဟုတ်ပါဘူး။ ဒါပေမဲ့ လူဆိုးတွေကတော့ ထုံးစံအတိုင်း ရုရှားတွေပါပဲ။ ဇာတ်လမ်းအကျဥ်း ပြောရရင် နေ့တိုင်း ကမ္ဘာကြီးကို ကယ်တင်နေရတာ ပျင်းလာတဲ့ အေးဂျင့် ဘရတ်ဒလေတစ်ယောက် ဝစ်ကီ ခေါ် ဂျွန်ဝစ်လို အငြိမ်းစားယူဖို့ စိတ်ကူးရလာပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့နောက်ဆုံးပစ်မှတ်ရဲ့ခွေးကို ဆေးခန်းပို့ရင်း သူ့ဘဝရဲ့ အဓိပ္ပါယ်လေး တိရစ္ဆာန်ကု ဆရာဝန်မလေး ဗရော်နီကာနဲ့တွေ့ဖြစ်ပါတယ်။ ဆရာဝန်မလေးမှာ ရှားပါးတဲ့နှလုံးရောဂါတစ်ခုရှိနေပြီး သူ့ရဲ့ အငြိမ်းစားဘဝကို နှောင့်ယှက်ချင်နေကြတဲ့ ဗီလိန်တစ်စုရဲ့ လက်က သူ့မိန်းကလေးကိုကယ်တင်ဖို့ သူ့ရဲ့အေဂျင်စီက အေးချမ်းတဲ့ အငြိမ်းစားဘဝလေးထဲက ဆွဲထုတ်ဖို့ ကြိုးစားနေကြတာကို အခွီလေးတွေနဲ့ တင်ဆက်ထားတာပေါ့။ ဇာတ်ကားတော်တော်များများကို ကြိုကြားကြိုကြားပြောင်ထားတာတွေအပြင် စပိုင်ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း စော်လန်းလန်းလေးတွေနဲ့ ကိရိယာအဆန်းတွေလည်းပါတယ်ဆိုတော့ ခွီလည်း ခွီရ၊ မျက်စိပသာဒလည်း ဖြစ်တယ်ပေါ့ဗျာ... (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.4GB, 640MB Quality - 1080p, 720p IMDb Rating - 5/10 Format - mp4 Duration - 1H 39Min Genre - Action, Comedy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.4GB | Download | |
| 720p | 640MB | Download | |
| 1080p | 1.4GB | Download | |
| 720p | 640MB | Download |