
The Spiderwick Chronicles (2008) ======================== IMDb Rating - 6.5/10 ငယ်ငယ်တုန်းက Play section 2 မှာ ဆော့ခဲ့ရတဲ့ ဂိမ်းလေးတစ်ခုကို မှတ်မိကြဦးမလားတော့ မသိဘူး။ ဂိမ်းခွေထွက်အပြီး ဇာတ်လမ်းခွေ ထွက်လာတော့ မြန်မာစာတန်းထိုးမပါဘဲ အသည်းအသန် ရှာဝယ် ကြည့်ခဲ့ရတာ။ လုံးစေ့ပတ်စေ့ နားမလည်ခဲ့ပေမဲ့ သိပ်ကြည့်လို့ကောင်း ခဲ့တာကိုး။ မှော်ဇာတ်ကားလေးတစ်ခုပါ။ ကောင်းမွန်တဲ့ ဝေဖန်ချက် တွေနဲ့ Box Office မှာလည်း အမြတ်ကြီးကြီးရခဲ့ပါသေးတယ်။ သရုပ် ဆောင်တစ်ယောက်တည်းက နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားပြီး စရိုက် ကွဲပြားလွန်းလို့ တခမ်းတနား ချီးကျူးကြသေးတယ်။ မင်းသမီးလေး ကလည်း အဲဒီအချိန်က ရက်ရက်စက်စက်လှတာကိုး။ ဇာတ်ကား ပို စတာလေးကို DVD ခွေကခွာပြီး အခန်းနံရံမှာ ကပ်ထားမိတဲ့အထိ။ မင်းသားချော Freddie Highmore ရယ်၊ မင်းသမီးလေး Sarah Bolger တို့ အပြိုင်ကြဲခဲ့ကြတာပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ နယူးယောက်ကနေ နယူးအင်္ဂလန်ကို ပြောင်းလာတဲ့မိသားစုက မိသားစုအမွေ အိမ်ကြီးတစ်ခုမှာ နေကြ ပါတယ်။ သမီးတစ်ယောက်နဲ့ သူ့အောက်က အမွှာသားလေးနှစ် ယောက်တို့ ဘုဘောက်ကျရင်း သားတစ်ယောက်က စာအုပ်တစ် အုပ်ကို တွေ့သွားရာကနေ သူတို့အိမ်ကြီးပတ်ပတ်လည်မှာ မှော် ဝင်သတ္တဝါတွေ အများအပြားရောက်လာကြပါသတဲ့။ စာအုပ်ကို ကာကွယ်လိုသူ မှော်သတ္တဝါတွေနဲ့ လုယူအသုံးချချင်တဲ့ မှော်သ တ္တဝါတွေကြားထဲမှာ အမေတစ်ယောက် သားသမီးသုံးယောက် ဘယ်လိုကြားညပ်သွားသလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size..........(1.7 GB) / (729 MB) / (487 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 36Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Drama Translator.......Arr Khun Winchester Encoder..........SWM