
(function(f,b,n,j,x,e){})(); ကဗျာဆရာကြီး ခရစ်စတိုဖာရိဒ်ရဲ့ “The Song of Lunch” လို့အမည်ရတဲ့ ကဗျာကို ရုပ်ရှင်အဖြစ် ပြန်လည်ပုံဖော်ရိုက်ကူးထားပြီး IMDb 7.3 အထိရရှိထားတဲ့ မြင်တွေ့ရခဲတဲ့ ရှားရှားပါးပါးရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ဆောင်တွေကလည်း ဝါရင့်သရုပ်ဆောင်မင်းသားကြီး Alan Rickman နဲ့ မင်းသမီးကြီး Emma Thompson တို့ပါ။ ကဗျာကိုပြန်လည်ရိုက်ကူးထားတဲ့အတွက် ဒီရုပ်ရှင်ထဲမှာ ကာရိုက်တာတွေရဲ့နာမည်တွေကို သူ၊ သူမ အစရှိသဖြင့်ပဲ သုံးစွဲထားပါတယ်။ “သူ”ဆိုတာက လန်ဒန်မြို့က စာပေထုတ်ဝေသူ သက်ကြီးပိုင်းအမျိုးသားကြီးပါ။ “သူမ”ကတော့ “သူ့”ရဲ့ရည်းစားဟောင်းဖြစ်သူ၊ လက်ရှိအချိန်မှာ ဇနီးကောင်းတစ်ဦး၊ သားတွေရဲ့အမေကောင်းတစ်ဦးတောင် ဖြစ်နေပြီး ဘ၀မှာအထိုင်ကျနေတဲ့သူ။ မတွေ့ရတာ ဆယ်စုနှစ်တစ်ခု ကျော်ပြီဖြစ်တဲ့ သူ နဲ့ သူမဟာ လန်ဒန်မြို့၊ ဆိုဟိုရပ်ကွက်ထဲက စားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လယ်စာအတူစားဖို့ အကြောင်းဖန်လာခဲ့တယ်။ သူဟာ စားသောက်ဆိုင်ကိုသွားဖို့ ရုံးခန်းကနေဆင်း လမ်းလျှောက်လာကတည်းကနေစပြီး မြင်မြင်သမျှအရာကို စာဆန်ပေဆန်တဲ့စကားလုံးတွေနဲ့ ပုံဖော်လာလိုက်တာ သူမနဲ့အတူ နေ့လယ်စာစားပြီးချိန်အထိပါပဲ။ တချိန်ကသိပ်ချစ်ခဲ့ရပြီး ကံဆိုးစွာနဲ့လွဲချော်ခဲ့ရတဲ့ “သူမ”ကို ပြန်တွေ့လိုက်ရတဲ့အချိန်မှာ သူနဲ့ သူမ ဘာတွေပြောကြမလဲ၊ “သူ့”ရင်ထဲက ဘယ်လိုခံစားချက်တွေ ထွက်လာမလဲ၊ ဒီထွက်ပေါ်လာတဲ့ ခံစားချက်တွေကို ၀မ်းနည်းစရာအကောင်းဆုံး ကဗျာအဆန် စာအဆန်ဆုံးစကားလုံးတွေနဲ့ ဘယ်လိုပုံဖော်မလဲ၊ သူတို့ရဲ့ နေ့လယ်စာတွေ့ဆုံမှုလေးရဲ့ အဆုံးသတ်ကရော ဘယ်လိုဖြစ်သွားမလဲ ဆိုတာကိုတော့ မိနစ် ၅၀ ကြာတဲ့ ရုပ်ရှင်လေးထဲမှာ ဆက်လက်စီးမျောခံစားကြည့်ဖို့ ညွှန်းဆိုရင်းနဲ့ပဲ… File size…(830 Mb)/(320 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….00:50:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 830 Mb | Download | |
| 1080p | 830 Mb | Download | |
| 1080p | 830 Mb | Download | |
| 1080p | 830 Mb | Download | |
| 720p | 320 Mb | Download | |
| 720p | 320 Mb | Download | |
| 720p | 320 Mb | Download | |
| 720p | 320 Mb | Download | |
| 720p | 320 Mb | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.3 / 10
Director