
၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ ကနေဒါရုပ်ရှင်ဖြစ်တဲ့ ဒီဇာတ်ကားက ကနေဒါနိုင်ငံအနောက်မြောက်ပိုင်းက ရာသီဥတုအေးစက်ကြမ်းတမ်းပြီး သစ်ပင်တောင်ပေါက်ရောက်နိုင်ခြင်းမရှိတဲ့ ကမ္ဘာ့မြောက်ဘက်ခြမ်း အအေးပိုင်းစိမ့်မြေတွေကို ကျော်ဖြတ်ပြီး အသက်ရှင်သန်ဖို့ကြိုးစားကြတဲ့ လူဖြူလေယာဉ်မှူးနဲ့ ဒေသခံအက်စကီးမိုး မိန်းကလေးတစ်ဦးအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ ၁၉၅၂ ကာလတွေကို တည်ထားတာဖြစ်ပြီး ဖြစ်ရပ်မှန်ကို တစိတ်တပိုင်းအခြေခံထားတဲ့ Walk Well Brother ဆိုတဲ့ ဝတ္ထုတိုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းက ချာလီဟောလီးဒေးက ဒုတိယကမ္ဘာစစ်အတွင်းက ကနေဒါလေတပ်မှာ ဗုံးကြဲလေယာဥ်မှူးအဖြစ် ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်အပြီးမှာ ဒေသခံကုမ္ပဏီတစ်ခုမှာ Bush Pilot အဖြစ်ဆောင်ရွက်နေပါတယ်။ တစ်နေ့မှာ အလုပ်ကိစ္စတစ်ခုအတွက် လေယာဥ်မောင်းလာရင်း လမ်းခုလတ်မှာ ဒေသခံ Inuk အက်စကီးမိုးလူမျိုးတစ်စုနဲ့တွေ့ပြီး ဖျားနာနေတဲ့ ဒေသခံမိန်းကလေးတစ်ဦးကို ဆေးရုံပို့ဖို့ Yellowknife မြို့ကို ပို့ပေးရမဲ့အကြောင်းဖန်လာပါတယ်။ လမ်းမှာ လေယာဉ်ပျက်ကျပြီး ကျယ်ပြောလှတဲ့အအေးပိုင်းစိမ့်မြေလွင်ပြင်ပေါ်မှာ နှစ်ယောက်သား သောင်တင်နေပါတော့တယ်။ အင်္ဂလိပ်စကားကောင်းကောင်းမပြောတတ်တဲ့ အက်စကီးမိုးမလေး Kanaalaq နဲ့ အကျိုးအမြတ်လိုချင်လို့သာ မိန်းကလေးကို ဆေးရုံပို့ပေးဖို့ဆုံးဖြတ်ခဲ့တဲ့ မောက်မာရိုင်းစိုင်းပြီး ကျွတ်ဆတ်ဆတ်နိုင်တဲ့ လူဖြူပိုင်းလော့ ချာလီတို့နှစ်ဦး လူသူကင်းမဲ့တဲ့ လွင်တီးခေါင်ကြီးမှာ အသက်ရှင်သန်ဖို့ကြိုးစားကြပုံကို တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်က Leo Awards ၆ ခုအပြင် တခြားဆုများစွာ ဆွတ်ခူးခဲ့ပြီး ဝေဖန်သူတွေအကြိုက်တွေ့ခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အက်စကီးမိုးအမျိုးသမီးငယ်နေရာမှာ သရုပ်ဆောင်တဲ့ မင်းသမီးကိုယ်တိုင်ကလည်း ဒေသခံ Inuit တိုင်းရင်းသူဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ နာမည်ကြီး Dances with Wolves လို အငွေ့အသက်မျိုးတွေ့ရပြီး Kannalaq နဲ့ ခင်မင်ရင်းနှီးလာပြီးနောက် ဒေသခံတိုင်းရင်းသားတွေအပေါ် ချာလီရဲ့အမြင် တွေပြောင်းလဲလာပုံက Dances with Wolves ရုပ်ရှင်က ဗိုလ်လေးဒန်ဘာနဲ့ လူနီအင်ဒီးယန်းလူမျိုးတွေအကြား သံယောဇဉ်ဖြစ်တည်လာပုံနဲ့ ဆင်တူပါတယ်။ နောက်ဆုံးဇာတ်သိမ်းလေးကလည်း ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းပြီး ကြည့်လိုက်လို့ အရှုံးမရှိတဲ့ရုပ်ရှင်မျိုးလို့မြင်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.9 GB | Download | |
| 1080p | 1.9 GB | Download | |
| 1080p | 1.9 GB | Download | |
| 1080p | 1.9 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.3 / 10
Director