
The Skulls (2000) IMDb Rating (5.6) / Rotten Tomatoes (9%) ၂၀၀၀ ပြည့်နှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်က အမေရိကန် အိုင်ဗီလိဂ် တက္ကသိုလ်တွေရဲ့ အထူးလျှို့ဝှက်အဖွဲ့အစည်းတစ်ခု အကြောင်းနဲ့ အဲဒီအဖွဲ့မှာ ပါဝင်ပတ်သက်မိတဲ့ ကျောင်းသားတစ်ဦး အကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။ Fast and Furious ဇာတ်ကားတွေရဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Paul Walker နဲ့ Joshua Jackson တို့က အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Luke ဟာ ဆင်းရဲနွမ်းပါးပေမဲ့ ထူးချွန်တဲ့ ကောလိပ်ကျောင်းသားတစ်ဦးဖြစ်ပြီး အိုင်ဗီလိဂ်လို့ခေါ်တဲ့ အမေရိက အရှေ့မြောက်ပိုင်းက ထိပ်သီးတက္ကသိုလ်ရှစ်ခုထဲက တစ်ခုမှာ တက်ရောက်နေသူဖြစ်ပါတယ်။ ကြီးလေးတဲ့ ကျောင်းစရိတ်အတွက် စကောလားရှစ်တွေနဲ့ အချိန်ပိုင်းအလုပ်တွေကို လုပ်ကိုင်ပြီး ရုန်းကန်နေရသူဖြစ်ပါတယ်။ တစ်ညမှာတော့ Luke ကို Skulls လို့ခေါ်တဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုက အသင်းဝင်အဖြစ် ကမ်းလှမ်းလာပါတယ်။ Skulls အဖွဲ့အစည်းက တက္ကသိုလ်ကျောင်းသားတွေကြားမှာ ဒဏ္ဍာရီလိုလို အမှန်တကယ်လိုလို လူပြောများနေတဲ့ လျှို့ဝှက်အဖွဲ့အစည်းတွေထဲက အင်အားအကြီးဆုံး အဖွဲ့ဖြစ်ပါတယ်။ ဒီအဖွဲ့မှာ လူ့မလိုင်တွေ လူချမ်းသာတွေနဲ့ အစိုးရထိပ်ပိုင်းပုဂ္ဂိုလ်တွေ ပါဝင်နေတယ်လို့ ဆိုကြပြီး အိုင်ဗီကောလိပ် ကျောင်းသားတွေထဲက အတော်ဆုံး အထက်ဆုံး ကျောင်းသားတွေကိုပဲ အသင်းဝင်အဖြစ် လက်ခံလေ့ရှိပါတယ်။ ဒီလိုနဲ့ Luke တစ်ယောက် Skulls အဖွဲ့နဲ့ ပတ်သက်မိပြီး နောက်ပိုင်းမှာ သူ့ဘဝကို ပြောင်းလဲစေမဲ့ အဖြစ်အပျက်တွေနဲ့ရင်ဆိုင်လာရပြီး ဒီအဖြစ်အပျက်တွေက Luke အပြင် သူ့ရည်းစား Chloe နဲ့ သူငယ်ချင်း Will တို့ကိုပါ သက်ရောက်မှုရှိလာချိန်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်က ကားဟောင်းလေး ဆိုပေမဲ့ Action/Thriller အမျိုးအစားဖြစ်ပြီး သွက်လက်မြန်ဆန်တဲ့ ဇာတ်အိမ်နဲ့အတူ ကြည့်ပျော်တဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wolfenheim ဖြစ်ပါတယ်။) File size…(4.1 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Crime,Drama,Thriller Duration….01:47:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Wolfenheim
| Provider | Resolution | File Size | |
|---|---|---|---|
| Blu-Ray 1080p | 4.1 GB | Download | |
| Blu-Ray 1080p | 4.1 GB | Download | |
| Blu-Ray 1080p | 4.1 GB | Download | |
| Blu-Ray 1080p | 4.1 GB | Download | |
| Blu-Ray 720p | 1.4 GB | Download | |
| Blu-Ray 720p | 1.4 GB | Download | |
| Blu-Ray 720p | 1.4 GB | Download | |
| Blu-Ray 720p | 1.4 GB | Download | |
| Blu-Ray 720p | 1.4 GB | Download | |
| Blu-Ray 720p | 1.4 GB | Download |