
The Skeleton Key (2015) ================== IMDb Rating – 6.5/10 ကယ်ရိုလိုင်းအဲလစ်စ်ဟာငယ်ရွယ်တဲ့သူနာပြုကျောင်းဆင်းတစ်ယောက် ဖြစ်ပြီး ဖခင်သေဆုံးချိန်မှာ အနားမှာမရှိခဲ့၊ပြုစုခွင့်မရခဲ့တဲ့အတွက်နောင် တရနေတဲ့သူ၊ အဲ့ဒီစိတ်တွေဖြေဖျောက်ဖို့အဖော်မဲ့နေတဲ့သက်ကြီးရွယ်အို တွေကိုပြစုတဲ့အလုပ်ကိုရွေးချယ်ခဲ့သူဖြစ်ပါတယ်၊ သူအလုပ်ဝင်နေတဲ့အဖွဲ့ အစည်းဟာ ငွေနောက်ပဲလိုက်ပြီး လူနာတွေကိုဂရုမစိုက်ဘူးလို့ယူဆခဲ့ချိန်မှာ ဝေးလံတဲ့ဒေသတစ်ခုမှာ ထီးထီးကြီးရှိနေတဲ့ အိမ်အိုကြီးတစ်လုံးထဲက ဆရာဝန် လက်လျှော့လိုက်ပြီဖြစ်တဲ့အဘိုးကြီးတစ်ယောက်ကိုပြုစုဖို့အလုပ်ကိုလက်ခံ ဖြစ်ခဲ့ပါတယ်။ အဘိုးကြီးရဲ့ဇနီးဖြစ်သူက ရှေးရိုးစွဲပြီး သူ့ကိုကြည်ပုံမရပေမယ့် ခေါင်းမာမာနဲ့ရှေ့ဆက်တိုးရင်းကနေ အိမ်ကြီးရဲ့ဘယ်တုန်းကမှမဖွင့်ခဲ့ဖူးဘူးဆိုတဲ့ လျှို့ဝှက်အခန်းတစ်ခုကိုသွားဖွင့်ကြည့်ရာကနေ ဆန်းကြယ်တဲ့ဖြစ်ရပ်တွေစတင် လာခဲ့ပါတော့တယ်။ ဒီအိမ်ကြီးရဲ့မူလပိုင်ရှင်တွေဟာ ဘဏ်လုပ်ငန်းရှင်သူဌေးတွေဖြစ်ပြီး သူတို့အိမ်က အစေခံလင်မယားဟာ စုန်းအတတ်ကို သူတို့သားသမီးတွေကိုသင်ကြားပေးနေ တာကိုမိခဲ့တဲ့အတွက် လင်မယားနှစ်ယောက်လုံးကို မီးရှို့သတ်ပစ်ခဲ့တယ်လို့ သူသိ ရပါတယ်။ အဲ့ဒီလင်မယားနှစ်ယောက်ရဲ့တစ္ဆေဟာ ဒီအိမ်ထဲမှာ မင်းမူခြောက်လှန့် နေဆဲဖြစ်တဲ့အတွက် အိမ်ထဲမှာ မှန်တွေတစ်ချပ်မှမထားရဲဘူးလို့ အဘွားကြီးက ပြောပြခဲ့ပေမယ့် သူတစ်ဇွတ်ထိုးဆက်လက်စုံစမ်းခဲ့ချိန်မှာတော့ ပိုမိုကြောက်စရာ ကောင်းတဲ့ လျှို့ဝှက်ချက်တွေက သူ့ကိုစောင့်ကြိုနေပါတော့တယ်။ Rom/com နဲ့ Drama တွေအရိုက်များတဲ့ မင်းသမီး Kate Hudson ရဲ့ရှားရှားပါးပါး Horror ကားကောင်းတစ်ကားဖြစ်ပါတယ်။ Jumpe scare တွေအသံနဲ့ခြောက်လှန့် တာတွေထက် ဇာတ်လမ်းဇာတ်အိမ်နဲ့လှည့်ကွက်တွေကိုအသားပေးထားတဲ့၊ အစကနေ အဆုံးထိ ထိုင်ရာမထချင်လောက်အောင် ဆွဲဆောင်နိုင်မယ့်ဇာတ်ကားတစ်ကားပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.42 GB) / (573 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 44Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Horror, Mystery Translator…….Alias Encoder……….SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.42 GB | Download | |
| 1080p | 1.42 GB | Download | |
| 1080p | 1.42 GB | Download | |
| 1080p | 1.42 GB | Download | |
| 1080p | 1.42 GB | Download | |
| 720p | 573 MB | Download | |
| 720p | 573 MB | Download | |
| 720p | 573 MB | Download | |
| 720p | 573 MB | Download | |
| 720p | 573 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.5 / 10
Director