
The Signature 2024 (လက်မှတ်) ယခုတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ဝါရင့်သရုပ်ဆောင် Anupam Kher ပါဝင်တဲ့ ဒရာမာဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ အိမ်ထောင်သက် ၃၅နှစ်တာသက်တမ်းရှိပြီဖြစ်တဲ့ အာဗင်နဲ့ မာဒူတို့ လင်မယားနှစ်ယောက်၊ တစ်ရက်မှာ သူတို့လင်မယားခရီးထွက်ဖို့ပြင်ရင်းနဲ့ လေဆိပ်မှာတင်ပဲ မာဒူတစ်ယောက် မူးလဲရာကနေ ဆေးရုံတင်လိုက်ရပါတော့တယ်။ အခုခေတ်မှာ ဆေးရုံဆေးခန်းဆိုတာကလည်း သိတဲ့အတိုင်းပဲ ဘာလေးပဲဖြစ်ဖြစ် ငွေအတောင့်လိုက်ကုန်တဲ့ခေတ်ဆိုတော့လည်း မာဒူတစ်ယောက်အတွက် ဆေးရုံတက်တဲ့ ပထမနေ့မှာတင် ရူပီး၁သိန်းခွဲကုန်ခဲ့ပြီးတော့ ၉ရက်တာကာလအတွင်းမှာတင် အာဗင်စုထားတဲ့ ရူပီးငွေ၆သိန်းကျော်လုံး ကုန်သွားခဲ့ပါတော့တယ်။ ဇနီးဖြစ်သူဟာ အသက်ရှူစက်အကူအညီနဲ့ နေနေရတာဖြစ်ပြီးတော့ တစ်ရက်တစ်ရက် ကုန်ကျစရိတ်ကလည်း မနည်းဆိုတော့ မိန်းမဖြစ်သူအတွက်နဲ့ ဘယ်တုန်းကမှ သားသမီးတွေကို အောက်ကျို့မခံခဲ့တဲ့အာဗင်ဟာ သားသမီးတွေဆီကနေ ငွေအကူအညီတောင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း အိမ်ထောင်ကိုယ်စီကျနေပြီဖြစ်တဲ့ သားသမီးတွေဟာလည်း အများကြီး ကူညီမပေးနိုင်ကြပါဘူး။ ဒီလိုနဲ့ သားဖြစ်သူဟာ အမေကိုချစ်ပေမယ့် ဆေးရုံစရိတ်တွေမနိုင်တဲ့အတွက် အဖေဖြစ်သူကို အမေ့အတွက် DND လုပ်ဖို့ လက်မှတ်ထိုးခိုင်းလာတဲ့အချိန်မှာတော့ မိန်းမကို ရသလောက်အသက်ဆက်ဖို့ပဲလုပ်မယ်ဆိုပြီး ငြင်းပယ်ရင်းနဲ့ ……. ဆေးရုံစရိတ်ခတွေအတွက် အာဗင်တစ်ယောက် ဘယ်လိုတွေ ကြံဖန်မလဲ ….. သူ့မိန်းမကို ကယ်တင်နိုင်ဖို့ ဘယ်လိုတွေ လုပ်ဆောင်သွားမလဲ ……. ဆိုတာကို ကြည့်ရှုရမယ့် ဒရာမာဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~V~Alex~Yunni တို့ပဲဖြစ်ပါတယ်)