
2008 ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဗန်ဒိန်းကားဟောင်းတစ်ကား ဖြစ်ပါတယ်။ ကန်ချက်လှလှတွေနဲ့ ဖမ်းစားခဲ့တဲ့ ပြင်သစ်မင်းသားကြီး ဗန်ဒိန်းဆို လူတိုင်းနီးပါး သိကြမယ်ထင်ပါတယ်။ ဒီကားထဲမှာ Scott Adkin တောင် အရန်နေရာလောက်ပဲ ပါဝင်ထားခဲ့တာကိုလည်း တွေ့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နယူးအော်လင်းမြို့ကြီးကနေ နယ်စပ်မြို့ကလေး ကိုလမ်ဘတ်စ်ကို ယုန်တစ်ကောင်နဲ့ ထူးဆန်းတဲ့ ရဲသားတစ်ယောက် ဂျက် ဌာနပြောင်းလာခဲ့ပါတယ်။ အဲဒီအချိန်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာကလည်း နယ်စပ် တရားမဝင်ရွေ့ပြောင်းလူတွေ အမေရိကန်ဖက်ကို ခိုးဝင်ကြလို့ ဖြေရှင်းနေရတဲ့ကာလတစ်ခုပေါ့။ ဂျက်ရဲ့အထက်အရာရှိ ကပ္ပတိန်မမကြီးကလည်း အပေါက်ကတော့ တော်တော်ဆိုးပြောရမယ် အဲဒါအပြင် ဂျက်ကို တွဲဖက်ရှာပေးပြီး ပြဿနာမရှာဖို့ဆိုပြီး ထိန်းထားဖို့ လုပ်ပါတော့တယ်။ ဒီလိုနဲ့ ဂျက်တို့လည်း နယ်စပ်ကင်းလှည့်ရင်း ခိုးဝင်လာသူတွေကို ဖမ်းဆီးတဲ့အချိန် ဘိန်းဖြူသယ်လာတာကို မြင်ရပြီး မအောင်မြင်တော့ ဖောက်ခွဲပစ်တာကိုလည်း ကြုံလိုက်ရပါတယ်။ အဲဒါနဲ့ စုံစမ်းတဲ့အချိန်မှာ တစ်ဖက်က ဘိန်းဖြူကုန်ကူးနေတဲ့အဖွဲ့က အမေရိကန် စစ်ပြန် အတိုက်အခိုက်တော်ကြတဲ့လူတွေချည်း စုထားတာကို သိရှိရပါတယ်။ ဒီလိုနဲ့ ဂျက်တို့ ဒီမှောင်ခိုဂိုဏ်းကို ဘယ်လိုချေမှုန်းကြမလဲ၊ ဂျက် ဒီမြို့ကိုပြောင်းလာရတဲ့ တကယ့်ရည်ရွက်ချက်ကရော ဘာလဲဆိုတာကို အက်ရှင်ဝေဝေဆာဆာနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size…1.72GB / 635.7MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |