
မိုးအေးအေးမှာ စောင်လေးကွေးရင်း ကြည့်နိုင်ဖို့အတွက် Horror ကားလေးတစ်ကားနဲ့ cm ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက IMDB မှာ 6.3 အထိ ရထားတာမို့ သိပ်မဆိုးဘူးလို့ ဆိုရမှာပါ။ ဘာသာရေး အယူဝါဒဆိုတာ လူတွေကို မှိုင်းမိအောင် လုပ်ဖို့အတွက် အလွယ်ကူဆုံးပဲ ဆိုတာကို ဒီဇာတ်ကားကြည့်ရင် သိနိုင်ပါတယ်။ အိမ်ထောင်တစ်ခုမှာ လင်ယောကျ်ား လုပ်သမျှအမှန် ဇနီးမယားဆိုတာ ထားရာနေ စေရာသွား အနိုင်ကျင့်သမျှ ခံရမယ့် အိမ်သူထက် မပိုတဲ့ ခေတ်ကာလကို နောက်ခံ ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းအကျဉ်းကတော့ မြို့ပြတွေနဲ့ ဝေးကွာတဲ့ ရွာလေးတစ်ရွာမှာ ဦးစီးအုပ်ချုပ်တဲ့သူက သင်းအုပ်ဆရာ တစ်ယောက် ဖြစ်ပါတယ်။ သူတို့ရွာလေးက ဘယ်သူတွေနဲ့မှ အဆက်စပ်မရှိဘဲ ကိုယ်တိုင်ပဲ သီးသန့် စိုက်ပျိုးမွေးမြူ ရှင်သန်ကြတာဖြစ်ပြီး အားလုံး လေးစားလိုက်နာကြတဲ့ ဖာသာကပဲ စီမံခန့်ခွဲတာ ဖြစ်ပါတယ်။ ဖာသာသမီးဖြစ်သူ မက်ပိုင်ရဲ့ ခင်ပွန်း တောထဲမှာ အသတ်ခံလိုက်ရပြီးနောက် ရွာလူထုကြားထဲမှာ တောထဲက ထူးဆန်းတဲ့ နတ်ဆိုးကောင် အကြောင်း တဖြည်းဖြည်းနဲ့ အပြောများလာခဲ့ပါတယ်။ ဒီနတ်ဆိုးနဲ့ မက်ပိုင်နဲ့ ဘယ်လို ဆက်စပ်မှု ရှိနေလဲ….။ ဖာသာအနေနဲ့ ဒီကိစ္စကို ရှင်းမရရင် သူ့အနေနဲ့ ရပ်ရွာ ဩဇာအာဏာကို ထိခိုက်လာမှာမို့ ဘယ်လိုတွေ ဖြေရှင်းဖို့ ကြိုးစားမလဲဆိုတာကတော့….။ File size… (1.17 GB) / ( 723 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 20m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi