
Virusတွေ ကပ်ရောဂါတွေနဲ့ Zombie movieတွေဟာ ဒီဘက်ခေတ်မှာ လူကြိုက်များနေသလို ကားတွေလည်းအရိုက်များလာပါတယ်၊ ဒီရုပ်ရှင်က အသစ်ထွက်ရှိထားတဲ့ ထိုင်ဝမ် disasterရုပ်ရှင်ဖြစ်ပြီး IMDb rating6.6နဲ့ Rotten Tomatoes 95%ထိ Ratingခပ်မြင့်မြင့်ရရှိထားပါတယ်။ ကတ်နဲ့ ဂျင်က ထိုင်ပေမြို့တော်မှာနေထိုင်ကြတဲ့ အတူနေချစ်သူတွေပါ၊ အများသူငါလို အလုပ်ကိုယ်စီနဲ့ ဘဝခရီးလမ်းကို တူတူ လျှောက်လှမ်းနေသူတွေပေါ့၊ သူတို့နေထိုင်ရာ ထိုင်ပေမြို့ကြီးမှာ အဲဒီအချိန်က အယ်ဗင်ဗိုင်းရပ်ဆိုတဲ့ တုပ်ကွေးပိုးတစ်မျိုး ပျံ့နှံ့နေတဲ့အချိန်ပါ၊ အဆိုပါဗိုင်းရပ်ဟာ မျိုးဗီဇပြောင်းနိုင်တယ်လို့ ကျန်းမာရေးနယ်ပယ်က ပညာရှင်တွေက သတိပေးကြပေမယ့် ထိုင်ဝမ်ရွေးကောက်ပွဲရှိတာကြောင့် အစိုးရက လော့ဒေါင်းချခွင့် မပေးခဲ့ပါဘူး။ တစ်နေ့မှာ ပညာရှင်တွေစိုးရိမ်ခဲ့သလို ဗိုင်းရပ်ဟာ မျိုးဗီဇပြောင်းသွားပြီး လူတွေကို ရူးနှမ်းသလိုဖြစ်သွားစေပါတယ်၊ ဒီဗိုင်းရပ်က Zombieအဖြစ် ပြောင်းလဲပစ်တာမျိုးမဟုတ်ဘဲ လူ့ဦးနှောက်ကိုတိုက်ခိုက်ပြီး ဟိရိဩတ္တပတရားမဲ့အောင် လုပ်ပစ်လိုက်တာမျိုးပါ ဆင်ခြင်တုံတရား မရှိတော့တဲ့သူတွေက မကောင်းမှုတွေလုပ်ရမှာ မရှက်တော့ဘဲ လူသတ်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ သတ်သေခြင်းလို ကိစ္စတွေ အကုန်လုပ်လာကြပါတယ်၊ ဒီလိုအသိစိတ်မဲ့နေတဲ့ လူထုကြီးရန်နဲ့ ကူးစက်မှုမြန်တဲ့ ဗိုင်းရပ်ပိုးရန်ကို ဂျင်နဲ့ကတ်တို့ ဘယ်လို ရင်ဆိုင်ကျော်လွှားကြမလဲ၊ သူတို့လွတ်မြောက်ပါ့မလားဆိုတာကိုအသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရှုရမှာပါ။ သတိပေးလိုတာက ဒီရုပ်ရှင်က Uncut version ဖြစ်တာကြောင့်သွေးထွက်သံယိုအခန်းတွေအရမ်းများသလို အတော်ပီပြင်ပါတယ်၊ လိင်ပိုင်းဆိုင်ရာထိပါးကျူးလွန်တာတွေကို ရိုက်ပြတာလည်း အရမ်းကြမ်းတာကြောင့် မိသားစုနဲ့အတူ ကြည့်ရှုဖို့ မသင့်တော်သလို သွေး ကြောက်တတ်သူတွေအတွက် ကြည့်ရှူဖို့အဆင်မပြေနိုင်မယ့် အခန်းတွေအရမ်းများတာကို သတိချပ်စေချင်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်း ရေးသားထားသူကတော့ Jim X ပါ ) File Size__(1.9GB) / (1GB) Quality__WebDL_1080p, 720p (Uncut Version) IMDb Rating__6.6/10 Format__mp4 Duration__01:35:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2GB | Download | |
| 720p | 1GB | Download | |
| 1080p | 2GB | Download | |
| 720p | 1GB | Download |