
၂၀၀၈ ခုနှစ်ကထွက်ရှိထားတဲ့ Thriller ရုပ်ရှင်ကားတစ်ကားပါ။ အမေရိကန် Thriller တွေရဲ့ Logic အတိုင်းပဲ မသွားသင့်တဲ့နေရာကိုသွားမိလို့၊ မစပ်စုသင့်တဲ့အရာတွေကိုစပ်စုမိလို့ ဒုက္ခနဲ့ လှလှတွေ့ကြတဲ့ အမေရိကန် ခရီးသွား သူငယ်ချင်း အုပ်စုတစ်ခုအကြောင်းကို ရိုက်ကူးပြသထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတည်းက ပျောက်ဆုံးပျောက်ကွယ်သွားတဲ့ မာယာလူမျိုးတွေရဲ့ ကျောင်းဆောင်ဟောင်းကြီးတွေကို ကျောထောက်နောက်ခံထားပြီးရိုက်ကူးထားတာဖြစ်လို့ ရှေးဟောင်း မာမီဆန်ဆန် ရုပ်ရှင်မျိုးကြိုက်တဲ့သူတွေအတွက်တော့ ကြည့်ရတာ အပျင်းပြေမှာစေမှာပါ။ အေမီတို့ သူငယ်ချင်းအုပ်စုဟာ မက္ကဆီကိုကို အပန်းဖြေလာရင်း မက်သီးယပ်စ်ဆိုတဲ့ ဂျာမနီလူမျိုးတစ်ယောက်နဲ့တွေ့ဆုံခဲ့ကြပါတယ်။ မက်သီးယပ်စ်က သူ့ရဲ့အစ်ကိုဖြစ်သူကိုရှာဖို့ မာယာလူမျိုးတွေရဲ့ ရှေးဟောင်းကျောင်းဆောင်ကိုသွားရှာဖို့ပြောရင်း တောကြီးမျက်မဲထဲက ကျောင်းဆောင်ပျက်ကြီးဆီကိုသွားဖို့အကြောင်းဖန်လာပါတော့တယ်။ ရိုးရာမပျက် မသွားသင့်တဲ့ နေရာဆို သွားရမှကျေနပ်တဲ့ လူငယ်တစ်အုပ်စု ဘယ်လိုမျိုးဒုက္ခတွေ၊ ကြောက်မက်ဖွယ်ရာကိစ္စတွေနဲ့ ရင်ဆိုင်ကြုံတွေ့ကြရမလဲ? ကျောင်းဆောင်ထဲမှာ ဘယ်လိုအရာတွေက သူ့တို့ကို စောင့်ကြိုနေမလဲ? ဒီလိုဒုက္ခတွေကနေ ဘယ်လိုကြံစည်လွတ်မြောက်လာကြမလဲဆိုတာတော့ ဆက်လက်ရှုစားကြပါဦးခင်ဗျာ သွေးထွက်သံယိုမြင်ကွင်းတွေပါတဲ့အတွက် ကြောက်တတ်သူများနဲ့ ရောဂါအခံရှိသူများ မကြည့်ကြဖို့ သတိပေးပန်ကြားအပ်ပါတယ်ခင်ဗျာ File size…(1.7 GB)/(980 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:30:00 Genre… Adventure, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by T Hmue