
The Rover (2014) review The Rover ဟာ Western Film ဆန်ဆန် ရိုက်ကူးထားတဲ့ ဩစတြေးလျ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေးပျက်ကပ်အပြီး ၁၀ နှစ်အကြာ ဩစတြေးလျရဲ့ လူအရောက်အပေါက်နည်းတဲ့ သဲကန္တာရဆန်ဆန် နေရာတစ်ခုကို အခြေတည်ထားပြီး အဓိကဇာတ်ဆောင်တွေအဖြစ် Guy Pearce နဲ့ Robert Pattinson တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအနေနဲ့ ဩစတြေးလျရဲ့ ကြီးမားတဲ့တောဧရိယာတစ်ခုလုံးဟာ စွန့်ပစ်နယ်မြေ ဖြစ်နေပြီး ဥပဒေမဲ့ ရမ်းကားမှုတွေ ကြီးစိုးနေပါတယ်။ လုယက်မှုတစ်ခု မအောင်မြင်တဲ့နောက်မှာတော့ အာချီ၊ ကေလက်ဘ်နဲ့ ဟင်နရီက ထွက်ပြေးခဲ့ပြီး ဟင်နရီ ရဲ့ ညီ ရေး (Robert Pattinson) ကို ဒဏ်ရာကြောင့်သေပြီလို့ ယူဆကာ ထားခဲ့ကြပါတယ်။ ရေးကို ထားခဲ့ရတဲ့အပေါ် အာချီ နဲ့ ဟင်နရီတို့ အချင်းများရာကနေ ၃ ယောက်သားစီးလားတဲ့ ကားက လမ်းကနေ တိမ်းချော်ပြီး အပျက်အစီးပုံထဲကို ဝင်တိုးခဲ့ပါတယ်။ ကားကို ပြန်ဆွဲမထုတ်နိုင်တဲ့နောက် အာချီက လမ်းဘေးက တွေ့တဲ့ကားတစ်စီးကို သော့ဖျက်ပြီး ခိုးယူမောင်းနှင်သွားခဲ့ပါတယ်။ သူမသိတာကတော့ အဆိုပါကားက တစ်ကိုယ်တည်းသမား အဲရစ် (Guy Pearce) ရဲ့ ကားဖြစ်နေတာပါပဲ။ အဲရစ်က သူတို့ရဲ့ကားကို ဆွဲထုတ်နိုင်ခဲ့ပြီးတော့ နောက်ကနေ တောက်လျှောက်လိုက်လာခဲ့ပါတယ်။ အတော်လေးအကြာမှာ ဟင်နရီက အဲရစ်ကို ကားရပ်ပြီး ဆင်းတွေ့ခဲ့ပါတယ်။ အာချီက ထုံးစံအတိုင်း အာဝင်ချောင်တော့ အဲရစ်က လည်ပင်းထညှစ်တာ ခံရပါတယ်။ ဟင်နရီလည်း အဲရစ်ကို သေနတ်ဒင်နဲ့ မိတ်ဆက်ပေးပြီး လမ်းပေါ်မှာ တစ်ရေးသိပ်ခဲ့ပါတယ်။ အဲရစ်လည်း နိုးလာခဲ့ပြီးတော့ သူတို့ရဲ့ထရပ်ကားကြီးနဲ့ပဲ ကားပျောက်ရှာပုံတော်ဖွင့်ပါတော့တယ်။ နေရာ တော်တော်များများကို ဝင်မေးပြီးတဲ့နောက်မှာ ဟင်နရီတို့သေပြီလို့ထင်ကာ ထားခဲ့တဲ့ ရေးနဲ့ တွေ့ခဲ့ပါတယ်။ ရေးကလည်း သူတို့ကားကိုတွေ့တော့ သူ့အစ်ကို ဟင်နရီအကြောင်းကို မေးသလို အဲရစ်ကလည်း ရေးရဲ့အစ်ကို ဘယ်မှာလဲ အတင်းမေးမြန်းခဲ့ပါတယ်။ သေနတ်ဒဏ်ရာနဲ့ ပင်ပန်းမှုဒဏ်ကြောင့် မေ့လဲသွားတဲ့ ရေးကို စတိုးဆိုင်ပိုင်ရှင်အကူအညီနဲ့ ဆရာဝန်တစ်ယောက် ရှိတဲ့ဆီကို ခရီးဆက်ခဲ့ပါတယ်။ ရေးရဲ့ဒဏ်ရာကို ခွဲစိတ်အပြီးမှာတော့ ဟင်နရီ ရှိနိုင်မယ့်နေရာကို ရေးကို သေနတ်နဲ့ချိန်ပြီး မေးပါတော့တယ်။ ရေးက သူကိုယ်တိုင် လိုက်ပို့ပေးမယ်လို့ သိမ်းသွင်းကာ ရည်ရွယ်ချက်မတူတဲ့ လူနှစ်ယောက်ရဲ့ တူညီတဲ့ခရီးစဉ်ကို စတင်ပါတော့တယ်။ သူ့ရဲ့ကားနောက်ကို ရေကုန်ရေခမ်းလိုက်နေတဲ့ အဲရစ်ရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲ…. ရေးရဲ့ သူ့အစ်ကို ကို တွေ့ချင်စိတ်က သံယောဇဉ်လား လက်စားချေချင်စိတ်လား… တစ်ခရီးတည်းသွားကြမယ့် သူတို့နှစ်ယောက်ကရော ရည်ရွယ်ချက်တွေ ပြည့်မြောက်နိုင်မလား ဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်ပါလာတော့တယ်။ File size… 1.4 GB / 577 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre ….. Action / Crime / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 720p | 577 MB | Download | |
| 720p | 577 MB | Download | |
| 720p | 577 MB | Download | |
| 720p | 577 MB | Download | |
| 720p | 577 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.4 / 10
Director