
ဒီဇာတ်ကားလေးက ပထမကမ္ဘာစစ်ကာလအတွင်းက ဖြစ်ရပ်မှန်အပေါ်အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။ Batman မင်းသားကြီး Christian Bale ရဲ့ဇာတ်ကားလေးပါ။ ပထမကမ္ဘာစစ်မဖြစ်ခင်အချိန်မှာ တူရကီအင်ပါယာက တန်ခိုးအာဏာ ကြီးမားခဲ့တဲ့အချိန်ပါ။ တဖြည်းဖြည်းနဲ့ တူရကီအင်ပါယာလည်းပြိုယွင်းလုနီးနီး ဖြစ်နေပါပြီ။ အဲဒီအချိန်ကတူရကီမှာ ခရစ်ယာန်ဘာသာဝင် လူနည်းစုဖြစ်တဲ့ အားမေးနီးယန်းမျိုးနွယ်စုတွေကို အစ္စလာမ်ဘာသာကိုးကွယ်တဲ့ တူရကီလူမျိုးကြီးဝါဒရှင်တွေ အများစုက မနှစ်သက်ကြဘူး။ ပထမကမ္ဘာစစ်ဖြစ်လာတဲ့အချိန်မှာတော့ တူရကီစစ်ခေါင်းဆောင်ပိုင်းတွေက အားမေးနီးယန်းတွေကို တိတ်တဆိတ် စစ်နဲ့အတူရောယောင်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုတွေကို လုပ်ဆောင်ခဲ့ကြတယ်။ ခုချိန်ထိလည်း တူရကီအာဏာပိုင်တွေက ဒီလူမျိုးတုန်း သတ်ဖြတ်ခဲ့မှု ဘူးခံပြီး ငြင်းကွယ်နေဆဲပါပဲ။ ဒီဖြစ်ရပ်မှန်အကြောင်းကို ဖော်ထုတ်ပေးခဲ့တာကတော့ အမေရိကန်သတင်းထောက်တစ်ဦးပါပဲ။ ဒီဇာတ်ကားက စစ်ပွဲကိုအခြေခံထားတဲ့အချစ်ဇာတ်လမ်းပေမယ့် အဓိကပေးသွားတဲ့ မက်ဆေ့ချ်လေးကတော့ သတင်းမီဒီယာသမားရဲကျင့်ဝတ်သိက္ခာနဲ့ အခန်းကဏ္ဍပါပဲ။ တကယ့်ကို စစ်မှန်တဲ့ သတင်းထောက် တစ်ယောက်ကြောင့် လူပေါင်းများစွာ လူမျိုးစုတစ်ခုကို ကယ်တင်နိုင်ခဲ့သလို သတင်းမီဒီယာသမားတစ်ယောက်ဟာ အမှန်တရားကို အသက်နဲ့တောင် အလဲအထပ်လုပ်ရဲတဲ့အထိ စိတ်ဓါတ်ခိုင်မာပြတ်သားတယ်။ ဒီလိုစိတ်ဓါတ်မျိုးရှိပြီး အမှန်တရားကို ဖော်ထုတ်ရေးသားတတ်သူ သတင်းထောက်မျိုးကိုသာ နိုင်ငံတကာက အသိအမှတ်ပြုပြီး သူရဲ့သတင်းက ယုံကြည်စိတ်ချရပြီး အားကိုးရမယ့်သူမျိုးဆိုတာကို ပါးပါးလေးပြသွားပါတယ်။ သတင်းထောက်ကောင်းတွေဟာ ဘယ်လောက်တောင် အပြောအဆို လိမ္မာပါးနပ်မှုရှိသလဲဆိုတာကိုလည်း မြင်တွေ့ရမှာပါ။ မြန်မာ့မီဒီယာလောကသတင်းထောက်တွေ ဒီလိုမျိုးဖြစ်လာအောင် ကျင့်သုံးအတုယူသင့်ပါတယ်။ နောက်ပြီး ဘယ်သူတွေဘယ်လို ရန်ငြိုးနဲ့လူမျိုးရေးမုန်းတီးမှုပဲရှိရှိ သူငယ်ချင်းတွေ ကြားမှာတော့ လူမျိုးတွေဘာသာတွေ စည်းမခြားနိုင်ပါဘူး။ ဒီလိုသူငယ်ချင်းသံယောဇဉ်ကိုလည်း အကောင်းဆုံး ပြသသွားခဲ့တယ်။ ဒီဇာတ်ကားလေးက ရိုက်ကွင်းရိုက်ကွက်နဲ့ အဲဒီခေတ်အဝတ်အစားအပြင်အဆင်တွေကောင်းသလို သရုပ်ဆောင်တွေကလည်း တကယ်ကို အသက်ပါလှပါတယ်။ ဒီကားလေးကြည့်ပြီး အတုယူစရာတွေများသလို ခံစားချက်တွေလည်း အမျိုးမျိုးပေးစွမ်းနိုင်တဲ့ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရိုးရှင်းပါတယ်…………….. အားမေးနီးယန်းလူမျိုးဖြစ်တဲ့ “မီးခေး” ဟာ တိုင်းရင်းဆေးပညာရှင်တစ်ဦးဖြစ်ပြီး သူတို့ရွာမှာ မျိုးရိုးစဉ်ဆက်ဆက်ခံလာတဲ့ပညာနဲ့ လူအများကို ဆေးဝါးကုသပေးနေပါတယ်။ သူ့ရဲ့ပြင်းပြတဲ့ ဆန္ဒကတော့ ဆေးပညာသင်ကျောင်းကနေ ဆေးပညာကိုဆက်လက်လေ့လာပြီး ဆေးကုသပေးချင်တာပါ။ ဒီအတွက် ငွေကြေးမတတ်နိုင်လို့ ရွာကသူဌေးသမီးလေးနဲ့ စေ့စပ်ပြီး မြို့ကို ဆေးပညာသင်ဖို့ တက်လာခဲ့တယ်။ မြို့မှာ “အန်နာ” ဆိုတဲ့ မိန်းမချောလေးနဲ့ ဆုံတွေ့ခဲ့ပါတယ်။ အန်နာမှာလည်း သူ့အပေါ်အစစအရာရာကောင်းတဲ့ခရစ်ဆိုတဲ့ရည်းစားရှိနေပါပြီ။ ဒါပေမယ့် အချစ်ဆိုတာကလည်း ထူးဆန်းလှပါတယ်။ ဆိုင်သူတွေကိုယ်စီရှိထားပေမယ့် စိတ်တူကိုယ်တူ သူတို့နှစ်ယောက်ကြားကို အချစ်ဆိုတဲ့အရာ ရောက်လာတဲ့အခါမှာတော့…………….. အဲဒီအချိန်မှာပဲ ကမ္ဘာစစ်အတွင်းကို တူရကီနိုင်ငံဝင်ရောက်လာတဲ့အခါမှာတော့………………… ဘယ်လိုတွေများ ဖြတ်သန်းကျော်ဖြတ်ရမလဲကြည့်လိုက်ရအောင်……………………………………………… Quality…..BluRay 1080p Duration…..02:13:00 Format…Mp4 File Size…(954 MB , 410 MB) Translator…..Little Twinlay Encoder…..Moe Myint Lwin