
ကျောင်းကပွဲဆိုတာ ကျောင်းပြီးဆုံးခါနီးကျောင်းသားတွေအတွက်တော့ ကိုယ့်ချစ်သူတွေ သဘောကျတဲ့သူတွေနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းရင်း ဘဝမှာမေ့ပျောက်လို့မရတဲ့ညတစ်ညအဖြစ်နဲ့ အမှတ်တရတွေ အများကြီး ချန်ထားခဲ့ရမယ့်ပွဲတစ်ပွဲပဲဖြစ်ပါတယ်။ အင်ဒီယားနားပြည်နယ် အက်ချ်ဝါးတားမြို့က အထက်တန်းကျောင်းသူလေးအမ်မာကတော့ လိင်တူချစ်သူတစ်ယောက်ဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းကပွဲတက်ရောက်ခွင့် မရရှိပါဘူး.... မြို့နေလူထုဟာတစ်ဖက်သန်တစ်ယူသန်တွေများပြီး ကျောင်းသားမိဘတွေဟာလည်း လိင်တူစုံမက်ချစ်ခင်မှုကို မလိုလားတဲ့သူတွေဖြစ်ပါတယ်... လိင်တူချစ်ခင်သူတစ်ယောက်ဖြစ်တဲ့အကြောင်းပြချက်နဲ့တင် Parent Teacher Association (PTA)ကဆုံးဖြတ်ချက်နဲ့ ကျောင်းကပွဲတက်ရောက်ခွင့်မပြုပဲ လူ့အခွင့်အရေးကို ချိုးဖောက်ခံခဲ့ရပါတယ်... တစ်ဖက်မှာလဲ အရင်တုန်းကနာမည်ကြီးခဲ့ကြတဲ့ ပြဇာတ်သရုပ်ဆောင်တွေဟာ ပွဲတစ်ပွဲကရာမှ ဝေဖန်ပြစ်တင်မှုများစွာခံရပြီး နာမည်ကိုပြန်အဖတ်ဆယ်ရဖို့ ဖြစ်လာခဲ့ပါတယ်။ ကောင်းတဲ့အရာတစ်ခုခုကိုလုပ်ပေးလိုက်ရင် လူတွေအမြင်ပြောင်းသွားမှာပဲဆိုတဲ့ ဆယ်လီဘရစ်တီတွေလုပ်နေကြ လှည့်ကွက်တွေနဲ့အတူ လူတွေအာရုံပြောင်းဖို့ အမ်မာရဲ့ဖက်ကနေ ကူညီပေးဖို့ကြိုးစားကြပါတော့တယ်.... အဆုံးသတ်မှာအမ်မာတစ်ယောက် သူချစ်ရတဲ့သူနဲ့အတူ ကျောင်းကပွဲကိုတက်ရောက်နိုင်ပါ့မလား... လူတွေရဲ့လိင်တူချစ်သူတွေကို မြင်တဲ့အမြင်ကရောဘယ်လိုရှိသလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ Musicalကားတစ်ကားဖြစ်တာနဲ့အညီ သီချင်းဒိုင်ယာလော့တွေ ဝေဝေဆာဆာပါဝင်ပါတယ်။ဆုကြီး (၂)ဆုရရှိထားတဲ့အပြင် မင်းသမီးကြီး Meryl Streep လည်းပါဝင်ထားလေတော့ အလန်းဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasပါ File Size :(2.3GB) and (1.02GB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:10:00 Genre : Comedy, Drama, Musical Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo Pyae
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |