
ဒီကားလေးကတော့ လူငယ်တွေအတွက် ပညာပေးပုံစံမျိုးနဲ့ အထာကျကျ ဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ကူးပြထားတာပါ။ ယနေ့ခေတ်မှာ နာမည်ကြီးနေတဲ့ K တွေ E တွေနဲ့ ဆင်တူတဲ့ ဆေးတစ်မျိုးကို စမ်းသုံးကြရင်း ပြဿနာတွေ ဖြစ်ကြတာပေါ့။ ADHD လို့ခေါ်တဲ့ အာရုံစူးစိုက်လို့မရတဲ့ရောဂါ ကုသဖို့အတွက် ဆရာဝန်ညွှန်ကြားချက်ရှိမှ သောက်ခွင့်ရှိတဲ့ဆေးကို လူငယ်လေးယောက်က စမ်းသုံးခဲ့ကြပါတယ်။ အဲဒီထဲက အေဗာဆိုတဲ့ကောင်မလေးကတော့ ပညာသင်ဆုရဖို့အတွက် အာရုံစူးစိုက်နိုင်အောင် စပြီးသုံးခဲ့တာပါ။ အဲဒီလိုနဲ့ စွဲသွားခဲ့ပါတယ်။ အဲဒီကိစ္စကို အမေဖြစ်သူက မသိဘဲ ဗိုင်းကောင်းကျောက်ပိ သမီးအလိမ္မာလေးအတွက် အမြဲတမ်း ဂုဏ်ယူနေပေမယ့် တစ်နေ့မှာတော့ ရဲစခန်းကနေ သူ့သမီးဟာ သူငယ်ချင်းဖြစ်သူကို ကားနဲ့တိုက်ပြီး ထွက်ပြေးနေကြောင်း သိလိုက်ရပါတယ်။ ဘယ်လိုမှမယုံကြည်နိုင်ဖြစ်နေတဲ့မိခင်အနေနဲ့ သက်သေတွေကို ရဲတွေလက်ထဲ အရင်မရောက်အောင် ကြံဖန်ရင်း အမှုမှန်ပေါ်ဖို့ သူကိုယ်တိုင် ကြိုးပမ်းပါတော့တယ်။ အေဗာရဲ့ကားကလည်း ကားရှေ့ပိုင်းမှာ လူကို တိုက်ထားသလိုမျိုး ရှာဖွေတွေ့ခဲ့ပြီးနောက် ကားတိုက်ပြေးတဲ့သူဟာ အေဗာမှန်း တဖြည်းဖြည်း သေချာလာခဲ့ပါတယ်။ သူ့သမီးဟာ ရာဇဝတ်ကောင်မဟုတ်ဘူးလို့ တထစ်ချယုံကြည်နေတဲ့ မိခင်ဖြစ်သူကတော့ ရဲတွေနဲ့အပြိုင် အမှုကိုလိုက်ရင်း သူ့သမီးကို လိုက်ရှာပါတော့တယ်။ တကယ်ပဲ အေဗာဟာ သူငယ်ချင်းကို ဆေးကြောင်ပြီး ကားနဲ့တိုက်ခဲ့တာလား…? မိခင်ဖြစ်သူထင်သလို နောက်ကွယ်မှာ ဘာတွေရှိဦးမလဲ…? စိတ်ဝင်စားဖွယ် ကြည့်ရမှာဖြစ်တာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ File size…(1.16GB) / (688MB) /343MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:36:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kham Mon
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.76 GB | Download | |
| 1080p | 1.76 GB | Download | |
| 720p | 688 MB | Download | |
| 720p | 688 MB | Download |