
The Price Of Happiness (2024) IMDb Rating (6.7) 2024 ရဲ့ နှစ်ကုန်ပိုင်းမှာ အသစ်ထွက်ရှိထားတဲ့ ဗီယက်နမ်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ လူကုထံအသိုင်းအဝိုင်းကြား လူကုထံမိသားစုကြားထဲက အရှုပ်အရှင်းတွေကို ထုံးစံအတိုင်းတွေ့ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ မိသားစုတစ်စုကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပါ။ မိသားစုဝင်တွေထဲမှာဆိုရင် မိဘနှစ်ဦးဖြစ်သူ လင်မယား၊ သားဖြစ်သူတစ်ယောက်၊ သမီးဖြစ်သူတစ်ယောက်နဲ့ မိခင်ဖြစ်သူရဲ့ အဖေ အဘိုးတစ်ယောက်ပါပါတယ်။ ဇာတ်လမ်းအကျဉ်း ဖခင်ဖြစ်သူ ဒင်ခုံးသွာဟာ ယောက္ခထီးရဲ့ ဗိုမျိုးဆက်ပိုင် လုပ်ငန်းစုကြီးကိုအမွေခံဖို့ အလားအလာရှိနေတဲ့သူတစ်ယောက်ပါ။ နောက်ကွယ်က ဇနီးဖြစ်သူကလည်း သူအသက်ငယ်စဉ်က ချွတ်ခြုံခဲ့တဲ့အမျိုးသားကို ဒီကနေ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ပံ့ပိုးပေးခဲ့သူပါ။ သားဖြစ်သူကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ပညာတတ်ပြီး အပျော်အပါးခုံမင်သူပါ။ သမီးဖြစ်သူကတော့ အိမ်ရဲ့အဝေးမှာ ပညာတော်သင်ဖို့အတွက်ထွက်သွားတာ ၆ နှစ်တောင်ရှိပါပြီ။ လူထုအမြင်အပေါ်ယံမှတော့ အားလုံးပြီးပြည့်စုံနေပေမယ့်လည်း လေထဲကအိမ်၊ ဖန်နဲ့ဆောက်ထားတဲ့အိမ် ဆိုသလိုပဲ နောက်ကွယ်မှာ ရိုက်ခတ်မှုအကြီးစားတွေပြည့်နှက်နေခဲ့ပါတယ်။ တစ်ချိန်က ပြီးပြည့်စုံတဲ့အိမ်အထောင်အတွက် အစွမ်းကုန်ကြိုးပမ်းခဲ့တဲ့ ဇနီးအတွက် ခင်ပွန်းဖြစ်သူမှာ သစ္စာတရားပျက်ပြားမှုရှိခဲ့ပါတယ်။ ဒါ့အပြင် ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးကပိုဆိုးလာပြီး ဆုံးလုနီးနီးဖြစ်သွား၊ သားဖြစ်သူမှာလည်း ဒီကနေ့ခေတ်မှု woke mindset လို့ခေါ်တဲ့ ကိုယ့်ရဲ့မျိုးရိုးဗီဇကိုဆန့်ကျင်တဲ့ identity crisis ဖြစ်ပြီး လိင်တူအမျိုးသားသူငယ်ချင်းကိုချစ်နေ၊ သမီးဖြစ်သူကလည်း တကယ်တမ်တော့ ဖခင်ရဲ့ ရမ္မက်မြူထူမှုတွေကို နာကျည်းပြီး အိမ်ကနေဝေးနိုင်သထက်ဝေးအောင်ထွက်ပြေးသွားတာကို သိလိုက်ရတဲ့အခါမှာတော့… (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.4 GB) / (800 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:55:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 720p | 800 MB | Download | |
| 720p | 800 MB | Download | |
| 720p | 800 MB | Download | |
| 720p | 800 MB | Download | |
| 720p | 800 MB | Download | |
| 720p | 800 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.7 / 10
Director