
ဖရန့်ခ် အေဒရီယန်ဟာ ဘဏ်ဓားပြမှုနဲ့ ထောင်ကျ နေတာဖြစ်ပြီး ဓားပြမှုကနေရလာတဲ့ ပိုက်ဆံ တွေဝှက်ထားတဲ့နေရာကိုလည်း သူကလွဲရင်ဘယ်သူမှမသိပါဘူး။ ဒီလိုကြောင့်လည်း ထောင်ထဲက သူ့ရဲ့တွဲဖက်တွေ ပစ်မှတ်ထားရန်ရှာတာကို ခံနေရသူပါ။ သူ့ရဲ့ထောင်တွင်းအခန်းဖော်ကတော့ ဂျင်း လူးဝစ် မူရေးဖြစ်ပြီး ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ကို စော်ကားမှုနဲ့ ထောင်ကျနေသူပါ။ တနေ့မှာ မူရေးကို တခြားထောင်သားတွေက ပညာပေးနေချိန် ဖရန့်ခ်ကကြည့်မနေနိုင်တော့ပဲ ဝင်ကယ်ပေးလိုက်ရင်း မူရေးနဲ့ရင်းနှီးသွားခဲ့ပါတယ်။ မူရေးကတော့ အမှုမခိုင်လုံမှုကြောင့် ကွင်းလုံးကျွတ်လွတ်သွားခဲ့ပြီး ဖရန့်ခ်ရဲ့မိသားစုကိုလည်းစောင့်ရှောက်ပေးပါ့မယ်လို့ ပြောခဲ့ပြီး ထောင်ကထွက်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း ကာဂါလို့ခေါ်တဲ့ ပြင်သစ်အထူးတပ်ဖွဲ့ခေါင်းဆောင်က ဖရန့်ခ်ဆီကိုလာပြီး မူရေးအကြောင်းတွေမေးမြန်းတဲ့အခါမှာတော့ မူရေးကသူထင်ထားသလိုမဟုတ်ပဲ အမှောင်ဘက်ခြမ်းကြီးစိုးတဲ့ စိတ္တဇတယောက်ဖြစ်နေတာကိုသိလိုက်ရတဲ့အခါ ဘာတွေဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ ပြင်သစ်နောက်ခံစကားပြောဇာတ်ကားကောင်းလေးဖြစ်တဲ့အပြင် Rating တွေလည်း ကောင်းတာမလို့ သည်းထိပ်ရင်ဖိုအက်ရှင်ကားချစ်သူတွေ အကြိုက်တွေ့စေမှာပါ။