
ဒါကတော့ The Prequel of Gold Convoyers ရဲ့(၈)ကားမြောက်ကားပဲဖြစ်ပါတယ်။ စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ် မင်ခေတ် ကျားကျင့်နှစ်အတွင်းမှာ ဂျပန်ဓားပြတွေက တဖြည်းဖြည်း တိုးများလာပြီး မြောက်ပိုင်းလျောင်တုန်းမှ တောင်ပိုင်း မင်ယွဲ့ကမ်းစပ်တစ်လျှောက် ဂျပန်ဓားပြတွေရဲ့ ကျူးကျော်တိုက်ခိုက်မှုကိုခံနေရပါတယ်။ ဂျပန်ဓားပြတွေ မင်တိုင်းပြည်နယ်မြေကို ကျူးကျော်နေတဲ့အချိန်မှပဲ ဂျပန်ပြည်တွင်းစစ်ကလည်း အလွန်ဆိုးရွားနေပါတယ်။ ဖျင်အန်းပို့ဆောင်ရေးမှ ဂူဖျင်အန်းတို့ဟာ လျောင်တုန်းကို ပို့ဆောင်ရေးအတွက် ရောက်လာပါတယ်။ ကိုယ်ရံတော်တပ်ဖွဲ့ဝင်ဖြစ်တဲ့ ဝမ်ကျောက်ရှင်းဟာ ဟန့်လင်ရွာအနီးကို တာဝန်ထမ်းဆောင်ဖို့ ဆင့်ခေါ်ခြင်းခံခဲ့ရပါတယ်။ ဂျပန်ဓားပြတွေ လုံကျိုးဖက်က ဝင်ရောက်လာပြီးနောက်မှာတော့ မင်တိုင်းပြည်နဲ့ ဂျိုဆွန်နယ်စပ်ကို ကျူးကျော်နေခဲ့ပြီး မင်တိုင်းပြည်ရဲ့ တတိယအဆင့်ရှိ ပွဲတော်သဘင်ဝန် ကုန်းအန်းဖူဟာ ဂျိုဆွန်က အပြန်လမ်းမှာ ဂျပန်ဓားပြတွေနဲ့တွေ့ပြီး ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ ကိုယ်ရံတော်တပ်ခေါင်းဆောင်က ဝမ်ကျောက်ရှင်းကို ကုန်းအန်းဖူကို တွေ့အောင်ရှာပြီး လျောင်ယန်ကို ပို့ဆောင်ပေးဖို့ တာဝန်ပေးခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာ ဒုက္ခသည်တွေက အကူအညီတောင်းတာကို ကုန်းအန်းဖူက မျက်ကွယ်ပြုခဲ့လို့ ဂူဖျင်အန်းက ဒုက္ခသည်တွေကို လျောင်ယန်ကို အခမဲ့ပို့ဆောင်ပေးဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမဲ့လဲ လမ်းတစ်လျှောက် ဂျပန်နင်ဂျာတွေရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ ဂူဖျင်အန်းတို့တတွေ လျောင်ယန်ကို လုံခြုံစွာပြန်ရောက်ပါ့မလား…… လမ်းတစ်လျှောက်လိုက်လာတဲ့ နင်ဂျာတွေကရော ဘာကိုလိုချင်လို့ လိုက်နေကြသလဲ…… အတွေးအခေါ်ခြင်း မတူကြတဲ့အခါ အရာရှိကို ဦးစားပေးသင့်လား ပြည်သူတွေကို ဦးစားပေးသင့်သလား…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှု ခံစားလိုက်ရအောင်နော်။
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | 1.13GB | Download | |
| 720p | 1.13GB | Download | |
| 720p | 1.13GB | Download | |
| 720p | 1.13GB | Download | |
| 720p | 1.13GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
5.7 / 10
Director