
ဒီတစ်ခါတော့ ပရိသတ်ကြီးကို ၂၀၁၂ခုနှစ်က ကားကောင်းလေးတစ်ကား တင်ဆက်ပေးပါတော့မယ် တကယ့်ကို သရုပ်ဆောင်ထားတာ ရသမြောက်ပြီးတော့ သူတို့ရဲ့ သရုပ်ဆောင်ချက်တွေထဲမှာ စီးမျောသွားရလောက်အောင်ကို ကောင်းတဲ့ကားကောင်းလေး တစ်ကားပါပဲ IMDP 7.3 အထိရရှိထားပြီး ပါဝင်တဲ့သရုပ်ဆောင်တွေကလည်း Ryan Goslingရယ် Eva Mendesရယ် Bradley Cooperရယ်ဆိုတော့ ဘာပြောကောင်းမလဲပေါ့ဗျာ ဇာတ်လမ်းအကျဉ်း လုခ်ဆိုတဲ့ ဆိုင်ကယ်စတန့်မောင်းသမားက သူ့မှာကလေးရှိတာကိုသိသွားတဲ့အခါမှာတော့ ဘာကိုမှဂရုမစိုက်ဘဲ လေလွင့်နေတာကနေ သူ့သားလေးကို စောင့်ရှောက်ဖို့အတွက် သူ့သားလေးရှိတဲ့မြို့မှာပဲ နေမယ်ဆိုပြီး ဆိုင်ကယ်စတန့်မောင်းတဲ့ အလုပ်ကနေထွက်ခဲ့တာပါ အဲဒီမှာပဲ လူတစ်ယောက်နဲ့တွေ့ပြီးတော့ အဖော်ကောင်းတာနဲ့ ဘဏ်ဓားပြတိုက်ပါလေရော သူ့သားလေးရဲ့ အမေ သူ့ရည်းစားကလည်း သူက လေလွင့်နေတာဆိုတော့ တခြားတစ်ယောက်နဲ့ယူပြီး ဘဝအသစ်တစ်ခုဖြစ်နေခဲ့တာပေါ့ အဲဒီလိုနဲ့ ဓားပြတိုက်ရင်ရလာတဲ့ ငွေလေးနဲ့ သူ့သားအတွက် ပစ္စည်းလေးတွေသွားပို့ရင်း သူ့မိန်းမရဲ့ လက်ရှိယောကျာ်းနဲ့ ရန်ဖြစ်ရာကနေ အဖမ်းခံရပါလေရော အဲဒီလိုနဲ့ သူရဲ့ ဓားပြတိုက်ဖော်တိုက်ဖက် က သူ့ကို ဒေါ်လာ ၂၅၀၀နဲ့ အာမခံပေးပြီးထုတ်ခဲ့ရတာပေါ့ သူကလွတ်လာတာနဲ့ပဲ တစ်ရက်တည်းနဲ့ ဘဏ်နှစ်ကို ဓားပြတိုက်ဖို့ ကြိုးစားပါလေရော သူ့ရဲ့ တွဲဖက်ကတော့ မတိုက်တော့ဘူးဆိုပြီး ငြင်းလိုက်လို့ သူတစ်ယောက်တည်း တိုက်ရာကနေ ရဲနဲ့တွေ့ရာကနေ ဘာတွေဆက်ဖြစ်ကြမလဲ ရဲအရာရှိကရော ဘာလုပ်မှာလဲ နောက်ထပ်ရောဘာတွေဖြစ်မလဲဆိုတာကို တစ်ကားတည်းနဲ့ ဇာတ်လမ်း၃ခုကြည့်ရသလိုမျိုးရသမြောက်အောင်ရိုက်ထားပြီး သရုပ်ဆောင်တွေရဲ့ အနုပညာကိုလည်း တဝကြီးခံစားရမှာမို့ လက်မလွှတ်တမ်းသာ ကြည့်လိုက်ကြပါဦး File size…(2.46GB) / (1.47G604MBB) / (647MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:20:00 Genre...Crime / Thriller / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.4 GB | Download | |
| 720p | 1.4 GB | Download | |
| 1080p | 2.4 GB | Download | |
| 720p | 1.4 GB | Download |