
The Perfumier (2022) ================== အကြည်ဓာတ်ရဖို့ လရောင်ခံတာတို့ spell jar ဆောင်တာတို့ဆိုတာ ဒီဇာတ် ကားထဲက ရေမွှေးနဲ့ ယှဉ်ရင်တော့ ပါမွှားလေးပါပဲ။ ဆန်နီ ဆိုတဲ့ မှုခင်းဌာနက ရဲမေတစ်ဦးဟာ ငယ်စဉ်ကတည်းက ဘယ်အနံ့ကိုမှ မခံစားရတဲ့ အနံ့ပျောက် နေတဲ့သူတစ်ဦးပါ။ သူမမှာ ယူရို ဆိုတဲ့ ကလေးနှစ်ယောက်အဖေ အိမ်ထောင်သည် ချစ်သူစုံထောက်တစ်ယောက်လည်း ရှိပါသေးတယ်။ ဒိုရီယန်ကတော့ ဘယ်အနံ့မဆို ခွဲခြားသိနိုင်ပြီး ထူးခြားတဲ့ အနံ့ခံစွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ ရေမွှေးတီထွင်သူ တစ်ဦးပါ။ အချစ်ရေမွှေး လို့ခေါ်တဲ့ စွတ်လိုက် တာနဲ့ အားလုံးက တန်းတန်းစွဲဝိုင်းချစ်ကြမယ့် ရေမွှေးကို တီထွင်ဖို့အတွက် မိန်းမငယ်လေးတွေကို သတ်ဖြတ်ပြီး အနံ့ဂလင်းန်တွေကို ဖြတ်ထုတ်ယူတာ သူ့ရဲ့အလုပ်ပါပဲ။ ဆန်နီတစ်ယောက် ဒိုရီယန်ရဲ့ ပြစ်မှုတွေကို ဖော်ထုတ်ဖို့ လိုက်လံကြိုးစားရင်း Sex perfume ဆိုတဲ့ ရမ္မက်ရေမွှေးကို အမှတ်မထင်ရရှိသွားပြီးနောက် သူမ ဘာဆက်လုပ်မလဲဆိုတာကတော့ ဇာတ်သိမ်းထိ စောင့်ကြည့်ရမှ သိရပါလိမ့်မယ်။ 21st September, 2022 မှာ Netflix ကနေ ထွက်ရှိလာတဲ့ psychological drama, crime and mystery movie တစ်ကားပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)