Preparing your cinema experience...

ဂျပန်တွေ တရုတ်ပြည်မှာ ကြီးစိုးစဉ်ကာလ ဖက်ဆစ်ခေတ်ကို အခြေခံထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ် နိုင်ငံက အဆင်မပြေတုန်း နိုင်ငံခြားထွက် ပညာသင်ခဲ့တဲ့ လူငယ်တွေထဲက လူငယ်တစ်ယောက် အမိမြေပြန်ရောက်ချိန်မှာ… သူ့အဖေအပါအဝင် တစ်မိသားစုလုံး သေတဲ့အပြင် အိမ်ပါပြာကျသွားခဲ့တာကိုမြင်ခဲ့ရတယ်… တစ်ချိန်တည်းမှာပဲ သူကိုယ်တိုင်ကလည်း ခေတ်မကောင်းလို့ လက်ဆင့်ကမ်းအမွေဖြစ်တဲ့ လက်သီးသိုင်းကို အစွဲပြုပြီး ကြေးစားလူသတ်သမားဖြစ်နေခဲ့တာပေါ့… ဒီတော့ ပြည်တော်ပြန် မောင်ချိုယွင်လေးတစ်ယောက် ပြောင်းလဲနေတဲ့ အမိမြေပေါ်မှာ တတ်စွမ်းသလောက် တိုင်းပြည်နဲ့ လူမျိုးအပေါ်ပဲ အကျိုးပြုမလား… ကြေးစားလူသတ်သမားအနေနဲ့ ငွေတွေစုပြီး အမိမြေကို ကျောခိုင်း အသက်ရှင်ဖို့ ထွက်ခွာမလား… ကြည့်လိုက်ကြရအောင်…..