
ဇိုဝီ မီလာ (Josephine Langford) ကတော့ နည်းပညာဂျပိုးမလေးတစ်ယောက်ဖြစ်ပြီး စိတ်ကူးယဉ်ဆန်တဲ့ ချစ်ခြင်းတွေကိုမယုံကြည်ဘဲ ကိန်းဂဏန်းတွေ၊ ဒေတာတွေကိုအခြေခံပြီး အယ်ဂိုရီသမ်နဲ့တွက်ချက်ထားတဲ့ လိုက်ဖက်ညီမှုအပေါ်မှာသာ ယုံကြည်တဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာ သူတို့ကျောင်းဘောလုံးအသင်းရဲ့ ကပ္ပတိန်ဖြစ်သူ ဇက်ခ် မက်ကလဲရန် (Drew Starkey) ကိုယာယီအတိတ်မေ့သွားအောင် မတော်တဆ လုပ်လိုက်မိသလိုဖြစ်သွားခဲ့ပြီး ဇိုဝီ မီလာကို သူ့ရဲ့ ကောင်မလေး ဇိုဝီ ဝေါလေ့စ်အဖြစ် ထင်သွားခဲ့ပါတယ်။ ဖြစ်ချင်တော့ ဟောပြောပွဲတစ်ခုမှာတွေ့မိပြီးသူနဲ့ လိုက်ဖက်ညီနိုင်စွမ်းမြင့်တာမလို့ ဇိုဝီသဘောကျနေတဲ့ မိုင်းစ် (Archie Renaux) ဆိုတဲ့ နည်းပညာဂျပိုးကလည်း ဇက်ခ်တို့အိမ်ကို ပိတ်ရက်အလည်ရောက်နေတဲ့ အစ်ကိုဝမ်းကွဲဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ ဇိုဝီလည်း မထူးဇာတ်ခင်းပြီး ဇိုဝီ ဝေါလေ့စ်အဖြစ် ဆက်ဟန်ဆောင်ခဲ့ရင်း ဇက်ခ်တို့မိသားစုနဲ့အတူ နှင်းလျောစီးခရီးထွက်ဖို့ လိုက်လာခဲ့ပါတော့တယ်။ စိတ်ကူးယဉ်ဆန်တဲ့ အချစ်ကို အယုံအကြည်မရှိတဲ့ ဇိုဝီ မီလာ တစ်ယောက် ဇက်ခ်တို့မိသားစုနဲ့အတူ နှင်းလျောစီးခရီးထွက်ပြီး မိုင်းစ်နဲ့နီးစပ်အောင်လုပ်နေရင်း သူ့ဘဝကြီးဘယ်လိုဖြစ်လာမလဲ၊ သူတစ်သက်လုံးယုံကြည်လာခဲ့တဲ့ အချစ်ရဲ့ အဓိပ္ပာယ်ကရော ပြောင်းလဲသွားမှာလား၊ စိတ်ကူးယဉ်ဆန်တဲ့ ချစ်ခြင်းကရော တကယ်ရှိရဲ့လားဆိုတာကို ပေါ့ပေါ့ပါးပါးရယ်ရယ်မောမောနဲ့ ဆက်လက်ကြည့်ရှူလိုက်ကြပါဦးဗျ။ 2023 ထွက် အချစ်ဟာသဇာတ်မြူးရုပ်ရှင်ကားကောင်းလေးဖြစ်တဲ့အပြင် ရိုက်ကူးထားပုံကလည်း တခြားလူငယ်အချစ်ကားတွေနဲ့ အနည်းငယ်ကွဲထွက်နေလို့ ကြည့်ရှုခံစားလိုက်ကြပါဦးဗျ။ File size…(1.7 GB)/(924 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Romance, Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.7GB | Download | |
| 1080p | 1.7GB | Download | |
| 1080p | 1.7GB | Download | |
| 1080p | 1.7GB | Download | |
| 720p | 924MB | Download | |
| 720p | 924MB | Download | |
| 720p | 924MB | Download | |
| 720p | 924MB | Download | |
| 720p | 924MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director