
The Old Garden (2006) – အညွှန်း ဒီတစ်ခေါက်မှာဝောာ့ CM ပရိသတ်ကြီးကို ၁၉၈၀ ခုနှစ်ကာလ တောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကို နောက်ခံထားပြီးရိုက်ကူးထားတဲ့ Korean Old Movie ကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဟျွန်းဝူကတော့ စိတ်အားထက်သန်တဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်ပြီး ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေမှာလည်း မကြာခဏပါဝင်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ အစိုးရဟာ ဆန္ဒပြသူတွေကိုရက်ရက်စက်စက် ဖြိုခွဲနှိမ်နှင်းရာကနေ ပုန်းရှောင်ထွက်ပြေးလာခဲ့တဲ့ ဟျွန်းဝူတစ်ယောက်ဟာ နယ်ဝေးရွာလေးတစ်ရွာကို ရောက်ရှိလာခဲ့ရင်း အဲဒီရွာလေးက ထက်မြက်တဲ့ ကျောင်းဆရာမလေး ဟန်ယွန်းဟီးနဲ့ တွေ့ဆုံခဲ့ပါတော့တယ်။ ရှုပ်ထွေးလှတဲ့အခြေအနေတွေကြားမှာ ဟျွန်းဝူနဲ့ ယွန်းဟီးတို့ကြားက ချစ်ခြင်းဟာ တဖြည်းဖြည်းပေါက်ဖွားလာခဲ့ပြီး ချစ်သူနှစ်ဦးဟာ အခက်အခဲတွေကို မသေချာမရေရာမှုတွေကြားက အတူတူကျော်လွှားဖို့ကြိုးစားကြပါတော့တယ်။ ဒါပေမဲ့ ကံအကြောင်းမလှစွာဘဲ ဟျွန်းဝူဟာ ပြန်လည်ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၇ နှစ်ကျသွားတဲ့အခါ..။ ဘာတွေများဆက်ဖြစ်ကြမှာလဲ။ ထောင်ကပြန်လွတ်မြောက်လာတဲ့ ဟျွန်းဝူကရော ဘယ်လိုပြောင်းလဲနေတဲ့အခြေအနေကို ကြုံတွေ့ရမလဲ ၊ ချစ်ရတဲ့ဆရာမလေး ယွန်းဟီးနဲ့ရော ပြန်လည်ဆုံစည်းနိုင်မလားဆိုတာကို တမြေ့မြေ့နဲ့ ခံစားကြည့်ရှုလိုက်ကြပါဦးနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Shin and Cali ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p File size… 1.5GB | 742MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Shin and Cali Encoder ….. Aaron
| Provider | Resolution | File Size | |
|---|---|---|---|
| All | Free Download Promotion | Download | |
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.5 / 10
Director