
The Obscured (2022) သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ပုဒ်မှာ တစ်ဦးတစ်ယောက်က ထွက်ဖို့ဖြစ်လာခြင်းက စတဲ့ဇာတ်ပေါ့။ ကောင်မလေးက စိတ်ကစဉ့်ကလျားဖြစ်နေတယ်။ တစ်နေ့ သူနိုးလာတော့ သူ့ဘေးမှာ သူချစ်ရတဲ့လူက သေနေပြီ။ ဘယ်သူသတ်သွားတာလဲလည်း မသိဘူး။ သူသတ်မိတာလားလဲ မသိဘူး။ ဘာကိုမှ မသည်းကွဲနေတော့ ရဲတိုင်ဖို့လည်း အဆင်မပြေဘူး။ ဒီလိုနဲ့ နောက်ကောင်လေးကို ဖုန်းဆက်လိုက်တယ်။ အချစ်အတွက်ဆို လောကကြီးခါးစောင်းတင်ဖို့ပါ အသင့်ရှိနေတဲ့ နောက်ကောင်လေးက ကောင်မလေးကို ကူညီပြီး အလောင်းဖျောက်ပေးတယ်။ ဒီလိုနဲ့ သူတို့တွေ အသစ်တစ်နေရာမှာ အချစ်ကမ္ဘာတည်ဖို့ ကားတစ်စီးနဲ့ ဟိုင်းဝေးလမ်းမကြီးထက် ခရီးဆက်လာခဲ့တယ်။ လမ်းရောက်တော့ သိလိုက်ရတာက ကောင်မလေးက သူ့စိတ်ရောဂါအတွက် သောက်နေကျဆေးကို အခင်းနေရာမှာကျန်ခဲ့တယ်။ ဒီလိုနဲ့ ကောင်လေးက အချစ်အတွက် ဘဝကြီးကို စွန့်စားပြီး သွားပြန်ယူပေးတာပေါ့။ အဲဒီမှာ သူတို့အစဖျောက်ခဲ့တဲ့အလောင်းကြီး ပြန်ရောက်နေတာကို သူတို့တွေ့လိုက်ရတယ်။ သူတို့အချစ်တွေကပဲ ဒီအခက်အခဲကြီးကို ကျော်လွှားနိုင်မလား။ အပြစ်ကပဲ သူတို့နောက်လိုက်လာမလား ပဟေဠိဆန်ဆန်ကြည့်ရမယ့် စိတ္တဇရုပ်ရှင်လေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 680MB Quality - 1080p, 720p Format - mp4 Duration - 1H 16Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y
ဒေါင်းလုပ်လင့်ခ်များမရှိသေးပါ
ထုတ်လွှင့်သည့်နေ့
September 28, 2022
ကြာချိန်
1h 15m
အဆင့်သတ်မှတ်ချက်
5.0 / 10
Director
Dianna Ippolito