
မကြာသေးခင်ကမှထွက်ရှိလာတဲ့ ကာတွန်းဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ။ ခရစ္စမတ်အကြိုညလေးမှာ မာရီတို့အိမ်ကိုသတင်းဆိုးတစ်ခုရောက်လာပါတယ်။ မာရီတို့အဖေသေသွားတဲ့အခါ မစ္စတာရက်တာဆိုတဲ့သူဆီမှာ ဒေါ်လာတစ်သိန်းအကြွေးတင်နေခဲ့ပြီး အကြွေးမဆပ်နိုင်ရင် မစ္စတာရက်တာက မာရီကို သူ့ဇနီးလုပ်ပေးရမယ်လို့ပြောလာပါတယ်။ မစ္စတာရက်တာဟာ မာရီကို သူနဲ့လက်ထပ်ဖို့စဥ်းစားစေချင်တဲ့အတွက် နော့ခရက်ကာဆိုတဲ့ အရုပ်လေးတစ်ရုပ်ကိုလည်း လက်ဆောင်ပေးခဲ့ပါတယ်။ မာရီဟာ သတင်းကြားပြီးတော့ စိတ်ပျက်ဝမ်နည်းပြီး အပူအပင်ကင်းခဲ့တဲ့ကလေးဘဝကိုပြန်တမ်းတရင်း သီချင်းလေးတစ်ပုဒ်ညီးဆိုခဲ့ပါတယ်။ ဖြစ်ချင်တော့ သီချင်းဆိုပြီးတာနဲ့ မှော်ပညာတစ်ခုအသက်ဝင်လာပြီး မာရီက အရမ်းသေးငယ်သွားပြီးတော့ သူ့ရဲ့အရုပ်လေးတွေနဲ့ နော့ခရက်ကာက အသက်ဝင်လာခဲ့ပါတယ်။ မာရီရဲ့နဂိုအခြေအနေကို ပြန်ရောက်အောင်ကြိုးစားရင်းနဲ့ နော့ခရက်ကာဟာ မင်းသားဂျော့ချ်ဖြစ်နေခဲ့ပြီး မာရီလိုပဲကျိန်စာကြောင့် အရုပ်အဖြစ်ပြောင်းသွားမှန်းသိရတဲ့အခါမှာတော့...... မာရီ၊ မင်းသားဂျော့ချ်နဲ့ မာရီရဲ့အရုပ်လေးတွေက ကျိန်စာပြယ်အောင်ဘယ်လိုကြိုးစားကြမလဲဆိုတာကို comedy, romance ဆန်ဆန်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File Size :(1.6GB) and (697MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:30:00 Genre : Animation, Family, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.6 GB | Download | |
| 720p | 697 MB | Download | |
| 1080p | 1.6 GB | Download | |
| 720p | 697 MB | Download |