
The Night Before (2015) ================= IMDb Rating – 6.3/10 ဟာသရုပ်ရှင်ကောင်းများနဲ့ Chill ချင်ကြတဲ့ ရုပ်ရှင်ပရိသတ်များ အတွက် ၂၀၁၅ ခုနှစ်က ထွက်ရှိထားတဲ့ ခရစ္စမတ်ကာလကို အခြေ တည်ထားတဲ့ ဟာသရုပ်ရှင်ကောင်း တစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ Rotten Tomatoes 69%, IMDb Rating 6.3/10 ရရှိထားပါတယ်။ Hangover လိုမျိုး ဟာသရုပ်ရှင်ကြိုက်တယ်ဆိုရင်တော့ လက်လွတ် မခံဖို့ အကြံပေးချင်ပါတယ်။ (Warning: ညစ်ညမ်းဟာသတစ်ချို့ ပါဝင်တာမို့ မိသားစုနဲ့အတူ မကြည့်ရှု့ သင့်တဲ့ ဇာတ်ဝင်ခန်းတချို့ ပါဝင်ပါတယ်) ခရစ်၊ အီသန်နဲ့ အိုင်ဆက်တို့ဟာ အရမ်းကို ခင်မင်ကြတဲ့ သူငယ်ချင်း သုံးယောက်ပါ။ အီသန်ဟာ ငယ်ရွယ်စဉ်မှာပဲ မိဘနှစ်ပါးလုံးကို ခရစ္စမတ် ကာလမှာ ဆုံးရှုံးလိုက်ရပါတယ်။ ဒါနဲ့ပဲ ခရစ်နဲ့ အိုင်ဆက်တို့လည်း အီသန့်ကို အတတ်နိုင်ဆုံး ကူညီပေးဖို့အတွက် ခရစ္စမတ်နေ့မှာ အတူတူ ရှိနေပေးကြ ပါတယ်။ ဒီလိုနဲ့ပဲ သူတို့သုံးယောက်အတွက် ခရစ္စမတ်ဓလေ့လေး တစ်ခု ဖြစ်လာပါတယ်။ တစ်ခုသော ခရစ္စမတ်မှာတော့ Nutcracker ball ဆိုတဲ့ အရမ်းမိုက်တဲ့ ပါတီတစ်ခုအကြောင်းကို အီသန် သိလိုက်ရပါတယ်။ သူတို့ သုံးယောက်လုံးလည်း အရမ်းသွားချင်ကြပေမယ့် နေရာကို ရှာမတွေ့ခဲ့ပါဘူး။ နှစ်တိုင်းခရစ္စမတ်အချိန်မှာ အဲပါတီကိုလိုက်ရှာပေမယ့် ဘယ်လိုမှမတွေ့လို့ လက်လျှော့ခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ နှစ်တွေကြာညောင်းလာပြီး သူငယ်ချင်းသုံးယောက် ကိုယ့်လမ်းကိုယ် လျှောက်ရင်း ခရစ္စမတ်ကို အတူမဆင်နွှဲဖြစ်ကြတော့ပါဘူး။ အီသန်လည်း သူတို့သူငယ်ချင်းသုံးယောက်အနေနဲ့ ဒီနှစ်ခရစ္စမတ်ကိုတော့ နောက်ဆုံးအနေနဲ့ ဆင်နွှဲဖို့လုပ်ပါတော့တယ်။ ခရစ္စမတ်အကြိုညမှာ သူငယ်ချင်းသုံးယောက် ဘယ်လိုတွေ ကဲကြမလဲ၊ ဘယ်လိုအလွဲတွေ ဖြစ်နေကြမလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ခံစားလိုက်ပါတော့။ နာမည်ကြီး မင်းသားတွေဖြစ်တဲ့ Seth Rogen, Joseph Gordon-Levitt နဲ့ Anthony Mackie တို့ သုံးယောက်ရဲ့ အတိုင်အဖောက်ညီညီ သရုပ်ဆောင် ချက်တွေကြောင့် ကြည့်ရှု့လို့ကောင်းသလို။ ဟာသတွေဟာလည်း အရမ်းကို ရယ်ရတာမို့ ဘာသာပြန်ရင်းနဲ့ကို ပါးစပ်မစိရပါဘူး။ မထင်ထားတဲ့ နာမည်ကြီး တွေလည်း Cameo ပါဝင်ခဲ့ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.85 GB) / (778 MB) / (443 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 41mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Fantasy Translator…….Leonard Lin Encoder……….SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080P | 1.85 GB | Download | |
| 1080P | 1.85 GB | Download | |
| 1080P | 1.85 GB | Download | |
| 1080P | 1.85 GB | Download | |
| 720P | 778 MB | Download | |
| 720P | 778 MB | Download | |
| 720P | 778 MB | Download | |
| 720P | 778 MB | Download | |
| 720P | 778 MB | Download | |
| 480P | 443 MB | Download | |
| 480P | 443 MB | Download | |
| 480P | 443 MB | Download | |
| 480P | 443 MB | Download | |
| 480P | 443 MB | Download |